ရှဲ့ဟယ် စိတ်လှုပ်ရှားမှုအပြည့်နဲ့ အိမ်ပြန်ရောက်လာချိန်မှာ ကျိုးရိအန် အိမ်မှာရှိမနေခဲ့ဘူး.....
အိမ်တွင်းစီးဖိနပ်အပါးလေးကို ကောက်စွပ်လိုက်ပြီး ညစာအတွက် ခေါက်ဆွဲချက်ပြုတ်နေချိန်မှာ အိမ်တံခါးပိတ်သံကို ရုတ်တရက် ကြားလိုက်ရတယ်။
တကယ်ကို Suprise ဖြစ်နေဟန်နဲ့ ကျိုးရိအန်ကိုလှည့်ကြည့်လိုက်တယ်။"ပြန်ရောက်ပြီလား?ညစာမစားရသေးဘူးမလား?"
ကျိုးရိအန် မျက်နှာတင်းမာနေတယ်။ဝေခွဲမရဖြစ်နေနဲ့ အမူအရာနဲ့ ရှဲ့ဟယ်ကို ကြည့်နေတယ်။ကျိုးရိအန်ရဲ့ လက်ရှိအနေအထားက ပုံမှန်မဟုတ်တာသေချာနေတယ်.....
အသံခပ်နက်နက်နဲ့ ရှဲ့ဟယ်ကို မေးခွန်းထုတ်နေတယ်။
"overtime ဆင်းရမှာမလား??ဘယ်လိုဖြစ်လို်အသောကြီးပြန်ရောက်နေတာလဲ??"
ပြောင်းလဲသွားတဲ့ ရှဲ့ဟယ်ရဲ့ အမူအရာထဲမှာ နောင်တတရား ခပ်ပါးပါးလေးဖြတ်ပြေးသွားတယ်။
"ငါ အလုပ်တွေ...အစောကြီး..."
အရင်တုန်းကဆို ကျိုးရိအန် က ဒီလိုသာမာန်ရိုးကျဖြစ်စဉ်ကို အသေးစိတ်မေးနေမှာ မဟုတ်ဘူး။သို့ပေမယ့် ဒီနေ့မှာတော့ ရှဲ့ဟယ်ရဲ့ အမူအရာအသေးစိတ်ကို အနီးကပ် အကဲခတ်နေတယ်။သူ့နှလုံးသားက အေးခဲတောင့်တင်းနေရာကနေ တဖြည်းဖြည်းချင်းစီ ကွဲအက်နေပြီ......
အစပိုင်းမှာ စုန်ယုရီ ပြောသမျှကို ကျိုးရိအန် မယုံခဲ့ဘူး။သူ ချစ်ရတဲ့သူပေါ်မှာ သံသယတွေမထားချင်ဘူးလေ...စိတ်အားထက်သန်မှုအပြည့်နဲ့ ရှဲ့ဟယ်ကိုအလုပ်ကနေ ကြိုဖို့ သွားခဲ့တယ်။အဲ့အစား ရှောင်တိမ်းချင်တဲ့အရိပ်ယောင်ပါတဲ့ Messageတစ်စောင်ကိုသာပြန်ရခဲ့တယ်။Company ထဲကနေ အလျင်စလိုပြေးထွက်သွားပြီး Hotelတစ်ခုထဲကို ဝင်သွားတဲ့ ရှဲ့ဟယ်ကို မြင်ခဲ့ရတယ်။အခန်းနံပါတ် 608ကို လက်ရှိဌားရမ်းထားသူအကြောင်းကို Hotel ဧည့်ကြိုဌာနမှာစုံစမ်းကြည့်လိုက်တဲ့အခါ သူမမျှော်လင့်ထားတဲ့ အဖြေမျိုးကိုသာ ပြန်ရခဲ့လေတယ်။
ချစ်လှစွာသော ချစ်သူလေးက သူ့ကို လိမ်လည်လှည့်ဖျားပြီး အစ်ကိုဖြစ်သူနဲ့တွေ့ဆုံနေတယ်။ပြန်ထွက်လာချိန်မှာလဲ အဝတ်အစားမလုံမခြုံနဲ့ မျက်နှာတွေနီရဲနေသေးတယ်။နှုတ်ခမ်းတွေကလဲ လောလောလတ်လတ် အနမ်းခံထားရတယ်ဆိုတာကို သက်သေခံပေးနေတယ်။
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။