CH 70

3.8K 520 109
                                    

[ တင်းတောင် ကမ္ဘာသစ်သို့ ကူးပြောင်းခြင်း ပြီးဆုံးပါပြီ....မှဏ်ဉာဏ်တွေ ပို့ပေးပါတော့မယ်.....]

အခုရောက်နေတဲ့ ကမ္ဘာမှာ ရှဲ့ဟယ်က ရှီမင်းဟွေဆိုတဲ့ နာမည်ကြီး cele တစ်ယောက်ဖြစ်နေပါတယ်.....ရှီမင်းဟွေက သန်မာရုပ်ချောတဲ့အတွက် male god တစ်ပါးအဖြစ်ကျော်ကြားသူပါ....

ဒါပေမယ့် ရှီမင်းဟွေဟာ လိင်တူနှစ်သက်သူတစ်ဉီးဖြစ်ပြီး sponsor ဘဲကြီးရှိမှန်း သိတဲ့သူသိပ်မရှိဘူး.....

ဒီအကြောင်းကလည်း ကောလဟအဖြစ်သာ သတင်းသဲ့သဲ့ကြားခဲ့ရတဲ့အတွက် တရေးတယူလုပ်ပြီး ဂရုစိုက်နေသူသိပ်မရှိခဲ့ဘူး....

ဒီအကြောင်းတွေ ပြောမယ်ဆို လွန်ခဲ့တဲ့ ရှစ်နှစ်ကိုပြန်သွားရလိမ့်မယ်.....

လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက သူ့ကို ရှီမင်းဟွေလို့ မခေါ်ကြသေးဘူး.....သူ့နာမည်ကို လျှိုမင်းလို့ပဲ သိကြသေးတယ်.....

လျှိုမင်းကို သူအမေတစ်ယောက်တည်းကသာ single mother အဖြစ်နဲ့ အရွယ်ရောက်တဲ့ အထိ ပြုစုပျိုးထောင်ပေးခဲ့တယ်....လျှိုမင်းအထက်ကျောင်းတက်တဲ့အချိန်မှာ မိခင်ဖြစ်သူခင်မျာ ကင်ဆာရောဂါကြောင့် အိပ်ယာထဲလဲနေခဲ့ရပြီ။

မိခင်ကို ပြုစုပေးဖို့နဲ့ ဆေးရုံစရိတ်တွေရှာဖို့ လျှိုမင်းကျောင်းထွက်လိုက်ရတယ်....ငယ်ရွယ်ပြီး ကြည့်ကောင်းတဲ့ လျှိုမင်းတစ်ယောက် ငွေအရမ်းလိုနေတာကြောင့် တေးသံသွင်းကုမ္မဏီတစ်ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီး လခစား ကျွန်သာသာဘဝကို ကျေကျေနပ်ကြီးခံယူခဲ့ရတယ်....

နုံအလွန်းတဲ့ လျှိုမင်းက သူလည်း တခြားသူတွေလို ငွေကြယ်ပွင့်တစ်ယောက်ဖြစ်ထွန်းတောက်လာမယ်လို့ပဲ ထင်နေခဲ့ပါတယ်....

ချိန်ကြာလာတဲ့နဲ့အမျှ ရက်စက်ကြမ်းကြုတ်လှတဲ့ ဖျော်ဖြေရေးနယ်ပယ်ထဲမှာ သူ့လို နောက်ခံအင်အားမရှိသူအဖို့ ရပ်တည်ရန်ခက်ခဲကြောင်းနားလည်လာခဲ့တယ်...လျှိုမင်းက ပိုက်ဆံတပြားမှ မရခဲ့ဘဲ စည်းမျဉ်းတွေနဲ့သာ စကားမပြောနိုင်အောင် ရိုက်ချခံခဲ့ရတယ်.....

ဒါတွေကို အစပိုင်းမှာ လက်ခံမချင်ခဲ့ပေမယ့် နောက်ကျတော့လဲ အမေဖြစ်သူရဲ့ များပြားလာတဲ့ ဆေးရုံစရိတ်တွေကြောင့် အဖြစ်မှန်ကို လက်မခံချင်ဘဲလက်ခံလိုက်ရတော့တယ်....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now