CH 58

3.3K 497 63
                                    

ရှဲ့ဟယ် ချန်ချုန်ကို အစိမ်းလိုက် ဝါးစားချင်နေတဲ့အကြည့်တွေနဲ့ကြည့်နေတယ်.....

( TN: အော် သူ့လင်လင်က ဆန်ပြုတ်ကြီးပဲကျွေးနေတော့ အသားစားချင်နေရှာမှာပေါ့😁 ချန်ချုန်ရေ နင်ပြေးစမ်းဟေ့)

ချန်ချုန်ကလဲ ဒီဘုရင်ဆိုးရဲ့ တုန့်ပြန်မှုတွေကို စိတ်မဝင်စားခဲ့ပါဘူး....ဒီဘုရင်ရဲ့ ဆိုးဝါးလွန်းလှတဲ့အခြေနေကို အရသာခံရှုစားချင်လို့သာ နန်းတွင်းထဲကို ဝင်လာခဲ့တာပါ..သူက ချူရှင်းဘက်လှည့်ပြီး.......

" မင်းသူ့ကို တစ်ချိန်လုံး ဒီလို ချည်ထားတာလား? ??"

ချူရှင်းကလဲ မထူးမခြားပုံနဲ့ခေါင်းညိတ်ပြလိုက်ပြီး...

"သူ့ကိုယ်သူမသတ်သေနိူင်အောင်လုပ်ဖို့က ဒီတစ်နည်းပဲရှိတာ..."

ချန်ချုန် ရယ်မောရင်းနဲ့ ရှဲ့ဟယ်ရဲ့ သနားစဖွယ်အခြေနေကို အရသာခံရှုစားနေတယ်....

"သူ့ပုံစံကြည့်ရတာ  ငါတို့နဲ့ပူးပေါင်းမယ့်ပုံမဟုတ်လောက်ဘူး...."

ချူရှင်း မျက်မှောင်တစ်ချက်ကြုံ့လိုက်ပြီး.....

"ဟုတ်တယ်..."

ဒီဘုရင်ဆိုးလေးက သေရမှာလဲ မကြောက်..ချုပ်ကိုင်ထားစရာ အားနည်းချက်ကလဲမရှိ....ဒီဘုရင်ဆိုးလေးက အနှိပ်စက်ခံပြီးသာ အသေခံသွားလိမ့်မယ် သူတို့နဲ့တော့ ပူးပေါင်းမှာလုံးဝမဟုတ်ဘူး......

ချန်ချုန့်အတွေးတွေကလဲ ဒီအတိုင်းပါပဲ.....

"မင်းသူ့ကို သတ်ပစ်လိုက်တော့...မြို့တော်ထဲမှာ မင်းရဲ့တပ်သားတွေအများကြီးပဲ...ဒီလောက်ရိုက်ခတ်မှုလောက်ကိုတော့ တားဆီးနိုင်လောက်မှာပါ..."

ချုရှင်း ငြိမ်ကျသွားတယ်....ဒီဘုရင်ဆိုးလေးကို မတတ်သာလို့သာ ဖမ်းဆီးထားခဲ့ရတာပါ...အခွင့်အရေးသာပေးမယ်ဆို ဒီထက်ပိုပြီး နူးညံ့သိမ်မွေ့တဲ့နည်းလမ်းကိုပဲသုံးချင်တယ်...ကြည့်ရတာ မဖြစ်နိုင်တော့တဲ့ပုံပဲ...ဒီဘုရင်ဆိုးလေးကိုသာ သတ်ပစ်လိုက်ရင် သွေးချောင်းစီးမှုတွေဖြစ်လာလိမ့်မယ်...ဒါ့အပြင် သူ့ ( ချူရှင်း) နာမည်ကလဲ ကောင်းကင်နဲ့မြေပြင်မှာ အမည်းစက်တစ်ခုအဖြစ် ထင်ကျန်ရစ်လိမ့်မယ်.........

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now