ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (13.1)

4.9K 876 45
                                    

ကျိုးရိအန်ပါးစပ်ကနေ ဒီစကားတွေထွက်ကျလာချိန်မှာ ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံကြားရလောက်တဲ့အထိ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်။

ကျိုးရိအန်နဲ့အတူလိုက်လာတဲ့သူငယ်ချင်းတွေက​တော့ ပဲလှော်ကြားဆားညှပ်မယ့်အဖြစ်ကိုတွေးပြီး မူးနောက်နေကြပြီ....ဒီကောင်ကျိုးရိအန်ကို သတိမေ့သွားအောင် ရိုက်ပြီးဆွဲထုတ်သွားလိုက်ကြမလား?? ဘယ်လိုဖြစ်ပြီး သတိလွတ်သွားကတာလဲ??ကျိုးညီအစ်ကိုတွေမတည့်ကျတာ လူတိုင်းသိတယ်...စောစောစီးစီးကတည်းက ဒီညီအစ်ကိုနှစ်ယောက်ကို ပေးမတွေ့သင့်တာ....အခုတော့ သူတို့ပါရောပြီးအထောင်းခံရတော့မယ်....

အကုန်လုံးက ကျိုးရိကျယ်ဘက်က ဘယ်လိုတုန့်ပြန်မယ်ဆိုတာ သိချင်နေကြတယ်။ကြောက်စရာကောင်းတဲ့ ဇာတ်ကွက်တစ်ခုကို ကိုယ်တိုင်မြင်တွေ့ခွင့်ရတော့မယ်လေ..ဟားး ဟားးး!!

ကျိုးရိကျယ်ဘက်က ရှဲ့ဟယ်ကို ဘယ်လောက်ထိအရေးပေးနေတယ်ဆိုတာလူတိုင်းသိတယ်...ဒီလိုစကားတွေထုတ်ပြောတယ်ဆိုတော့ ဒီကောင်သေရမှာမကြောက်ဘူးလား??တင်းမင်ကိုနမူနာထားပြီး သင်ခန်းစာမယူနိူင်သေးတဲ့သူတွေရှိနေသေးတယ်ပေါ့.....

မင်းက သူ့ညီဖြစ်နေတော့ရော...မင်းကသူ့မေကမွေးတဲ့ညီအရင်းမှမဟုတ်တာ...မင်းရဲ့ပြစ်ဒဏ်က တင်းမင်းလောက်မဆိုးဘူးလို့ထင်နေရင် မှားမယ်နော့.....

အကုန်လုံးက မုန်တိုင်းတစ်ခုအစပျိုးမယ့်အချိန်ကိုစောင့်နေတုန်းမှာ ကျိုးရိကျယ်ရဲ့ နှုတ်ခမ်းပါးကနေ စကားတစ်ခွန်းထွက်ကျလာတယ်။

"ကောင်းပြီ..."

Everyone:ဝက်သားဖက်ပဲဟေ့!!!နားကြားလွဲနေတာများလား!!!

အစောပိုင်းက ကျိုးရိအန်ကို လျစ်လျုရှုထားပြီးအေးရာအေးကြောင်းနဲ့ ကျိုးရိကျယ်ပခုံးပေါ်မှီနေခဲ့တဲ့ရှဲ့ဟယ်က ဒီစကားကြားလိုက်ချိန်မှာ တစ်ကိုယ်လုံးတုန်ရီနေခဲ့ပြီဖြစ်တယ်။ချက်ချင်းဆိုသလို ကျိုးရိကျယ်ကို မော့ကြည့်လိုက်တဲ့ရှဲ့ဟယ်ရဲ့အသွင်အပြင်က မျက်ဝန်းတွေနီရဲနေပြီး နှုတ်ခမ်းသားတွေဖြူဖျော့နေတယ်။ကျိုးရိကျယ်ရဲ့ အင်းကျီစကို ဆုပ်ကိုင်ထားတဲ့ လက်ဆစ်တွေကလဲ သွေးတစ်စက်မှမကျန်တော့သည့်နှယ် ဖြုဖွေးနေပြီဖြစ်တယ်။စကားတစ်ခွန်းမှထုတ်မပြောပေမယ့် အခုလိုကြောက်လန့်တုန်ရီပြီး ကူကယ်ရာမဲ့နေပုံလေးက စကားအခွန်းတစ်ထောင်ထုတ်ပြောလိုက်တာထက်ပိုပြီး ထိရောက်တယ်လေ....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now