အခန်း (33)

4.5K 743 58
                                    

ရှုဝမ်ဟောင် အခန်းတံခါးကို ​ခြေထောက်နဲ့ကန်ပြီးဖွင့်လိုက်တာကြောင့် အခန်းထဲက နှစ်ယောက်ရဲ့ အခြေနေအရပ်ရပ်ကို မြင်ခွင့်ရလိုက်တယ်...ပတ်ဝန်းကျင် တစ်ခုလုံး အပ်ကျသံကြားရလောက်တဲ့အထိ တိတ်ဆိတ်သွားခဲ့တယ်....

အခန်းထဲက ဇာတ်လမ်းက အဆုံးသတ်နေပါပြီ....

ဆရာက အပေါ်ပိုင်းအဝတ်ဗလာနဲ့ ကြမ်းပြင်ပေါ်မှာ ကွေးကွေးလေး လဲနေတယ်....မြင်နေရတဲ့ အပေါ်ပိုင်းတစ်ခုလုံး အမှတ်သားတွေနဲ့အပြည့်ပဲ....ရဲပတောင်းခတ်နေတဲ့ အနီကွက်တွေနဲ့ ပွန်းပဲ့ရာတွေက ဆရာ့ရဲ့ ဖြူနူတဲ့အရေပြားပေါ်မှာ ရုပ်ဆိုးကျည်းတန်စွာထင်ကျန်နေတယ်...ဒါတွေကို တစ်ချက်ပြည့်လိုက်ရုံနဲ့ ဆရာဘယ်လောက်အထိ ညှင်းပန်းဆက်ဆံခံထားရမလဲ မှန်းဆနိုင်နေပါပြီ....သွယ်လျလှတဲ့ခြေနှစ်ဖက်ကလဲ ခွန်အားမဲ့စွာတုန်ရီနေရှာတယ်....ဆရာက မျက်လုံးဖွင့်ကြည့်ဖို့တောင် မနည်းအားယူနေရတယ်...အခန်းဝကနေ အလင်းရောင်ကို ကွယ်ထားသလိုဖြစ်နေတဲ့ အရိပ်နှစ်ခုကို မြင်လိုက်ချိန်မှာ အလန့်တကြားဖြစ်သွားပြီး အတော်လေး စိတ်ပျက်သွားပုံရတယ်....

အဝတ်အစားတွေဖယ်ရှားခံထားရခြင်းကြောင့် ဆရာ့ရဲ့ မှင်သက်ဖွယ်ရာ အလှတရားကို အရှင်းသား လှစ်ဟာပြနေသည့်နှယ်....

ထိုကဲ့သို့သော အသွင်အပြင်က ညှင်းပန်းနှိပ်စက်ခံထားရမှန်း သိသာလွန်းနေပေမယ့် ထိုအသွင်အပြင်ကပဲ လူတွေရဲ့ အတွင်းပိုင်းစိတ်ဆန္ဒတွေကို နှိုးဆနေသလိုဖြစ်နေစေတယ်.....

အယ်လန်က တံခါးဝမှာ မျက်နှာသေနဲ့ရပ်ကြည့်နေတယ်...ဒါပေမယ့် သူ့ရဲ့ စိတ်ဆန္ဒတေီကို မျက်ဝန်းတွေထဲကနေဆင့်တွေ့မြင်နိူင်တယ်....သူတောင် လက်ဖျားနဲ့​အထိရသေးတဲ့
​ဆရာ့ခန္ဓာကိုယ်ကို မောင်ပိုင်စီးသွားတဲ့ကောင်ကို မုန်းတယ်....ဆရာ့ခန္ဓာကိုယ်ပေါ်မှာ အမှတ်အသားတွေချန်ခဲ့သူက သူကိုယ်တိုင် မဟုတ်တဲ့အတွက် သူ့ကိုယ်သူ မုန်းတယ်....

//ဆရာ....တကယ်တောင်းပန်ပါတယ်....ဆရာ့ရဲ့ အခုလိုပုံစံကို တခြားသူတွေမမြင်စေချင်ပေမယ့် ဒီလိုမှမလုပ်ရင် ရှုဝမ်ဟောင် သူ့အသက်ကိုရင်းပြီး ဆရာ့အတွက် တိုက်ခိုက်ပေးမှာမဟုတ်ဘူး...မစိုးရိမ်ပါနဲ့...ဆရာ့ကို မကြာခင် ကျွန်တော်ကိုယ်တိုင် ကယ်ထုတ်ပေးနိုင်တော့မှာပါ...//

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now