အခန်း (54)

6.3K 807 153
                                    

ရှဲ့ဟယ်ရဲ့ မျက်ဝန်းတွေ နီရဲလာတယ်.....

ငါ့အဖေက ငါ့ကိုဒီလိုမျိုး ဆက်ဆံမှာမဟုတ်ဘူး....ငါ့အဖေက အဲ့သလောက်ထိ မရက်စက်တတ်ဘူး...ငါ့အပေါ် ဒီလိုအရာမျိုးထိကျူးလွန်မှာမဟုတ်ဘူး! !!!!

နာကျင်ခံစားရခြင်းကို ကွယ်ဝှက်ထားဖို့ တန့်ကျင်းဝမ်း မျက်လုံးမှိတ်ထားလိုက်တယ်.....

"မင်း ငါ့ကို အပြစ်တင်နေသေးမှန်း သိတယ်.....ငါ့လုပ်ရပ်တွေကလဲ စည်းလွတ်ဝါးလွတ် ဘောင်ကျော်ခဲ့တာပဲလေ....မင်း စိတ်ဆိုးတယ်ဆိုတာ သဘာဝကျပါတယ်.....ဒီအဖေကလဲ ကိုယ့်အမှားကိုယ်သိနေပါပြီ...ဒါမျိုးတွေ ထပ်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်...."

ရှဲ့ဟယ်ရဲ့ မျက်နှာတစ်ခုလုံး ဖြူဆုတ်နေပြီ.....အကြည့်တွေကလဲ ဗလာကျင်းနေပြီး တစ်ခွန်းတည်းသောစကားကိုသာ ရေရွတ်နေတယ်......

"ခင်ဗျားက ကျွန်တော့်အဖေမဟုတ်ဘူး...."

တန့်ကျင်းဝမ်း ကောင်လေးကို ကြည့်လိုက်ပြီး ချိုသာလှသော လေသံနဲ့......

"မင်းလဲ ပင်ပန်းနေမှာပေါ့...နားလိုက်ဉီးလေ.....စောစောအိပ်တော့နော်...အစောကြီးကတည်းက မင်းအခန်းကို သန့်ရှင်းရေးလုပ်ခိုင်းထားပြီးပြီ..."

ခဏလောက်တုံ့ဆိုင်းနေပြီးနောက် တန့်ကျင်းဝမ်းလှည့်ထွက်လာခဲ့တယ်.....

သူရှိနေသ၍ ကောင်လေး စိတ်မ​အေးနိုင်
မှန်း သိပါတယ်....ကောင်လေးကို အချိန်ပေးဖို့လိုသေးတယ်.....

ဧည့်ခန်း​ထဲမှာ ရှဲ့ဟယ် တစ်ယောက်တည်းသာကျန်နေခဲ့တယ်.....

အချိန်တစ်ခုကြာတော့မှသာ တုန်ရီနေတဲ့ ခြေလှမ်းတွေနဲ့ ဒုတိယထပ်ဆီ တက်လှမ်းသွားခဲ့တယ်....

သူ့အခန်းဟောင်းလေးက ဒုတိယထပ်မှာပါ...အညှာတာမဲ့စွာရှင်းထုတ်ခံရပြီး တခြားသူတစ်ယောက်ဆီ ပေးခဲ့ဖူးတဲ့ အခန်းလေးပါ......

ရင်းနှီးဖူးတဲ့ အခန်းတံခါးရှေ့မှာ ရပ်နေခဲ့ရပြီ...တံခါးဆွဲဖွင့်တော့မယ်အချိန်မှာ ရှက်ရွံခြင်းတစ်ချို့ကို ခံစားမိလိုက်တယ်....အတော်လေး ကြာတော့မှသာ အခန်းတံခါးလေးကို အသာတွန်းဖွင့်လိုက်လေတယ်.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now