ကျိုးရိအန်က တစ်လှမ်းချင်းလှမ်းလာနေတဲ့လူငယ်လေးကို ငေးကြည့်နေတယ်။ထိုကောင်လေးရဲ့အသွင်သဏ္ဍာန်က မကြာမီမှေးမှိန်ပျောက်ကွယ်တော့မတတ် ဖြူဖျော့ပါးလျနေတယ်။လျှော်ပါများလို့နွမ်းဖတ်နေတဲ့အဝတ်ဟောင်းလေးတွေကို ဝတ်ဆင်ထားပြီးမျက်ကွင်းတွေညိုမည်းနေတဲ့ ဒီကောင်လေးဆီမှာ တစ်ချိန်တစ်ခါတုန်းက နေရောင်ချည်သဖွယ်နွေးထွေးတက်ကြွမှုအရိပ်ယောင်တွေပျောက်ဆုံးနေပြီ.......မြင်ရသူတိုင်းစိတ်မကောင်းဖြစ်သွားစေနိုင်လောက်တဲ့အထိ ကောင်လေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို မှုန်မှိုင်းနေတဲ့အလွှာတစ်ခုလွှမ်းခြုံထားတယ်....
ဒီအချိန်မှာ ကျိုးရိအန်တစ်ယောက် နောင်တတွေ၊နာကျင်မှုတွေကြားမှာ နစ်မြှုပ်သွားသလိုခံစားနေရတယ်။သောက်သုံးမကျတဲ့သူ(ကျိုးရိအန်)က ချစ်ရသူကို အထင်မြင်လွဲမှားပြီး ဒီလောက်ထိ နာကျင်ခံစားရအောင် လုပ်ခဲ့မိတယ်လေ.....
ကျောက်ချင် ဘာအမှားမှမကျူးလွန်ခဲ့ဘူး...သူ(ကျိုးရိအန်)သာလျှင်အခြေနေတစ်ခုလုံးကို ရှုပ်ထွေးအောင်လုပ်ခဲ့မိတာပါ....
သူ့ရဲ့ ကိုယ်ပိုင် မိုက်မဲမှုတွေ၊အသုံးမကျမှုတွေကို လက်သင့်မခံနိုင်ခဲ့ဘူး......သူ့ဘက်က ကောင်းကောင်းမွန်မွန်မစောင့်ရှောက်နိုင်ခဲ့တဲ့အတွက် ကျောက်ချင်ဒီလို အဖြစ်ဆိုးမျိုးနဲ့ကြုံခဲ့ရတာ....ကျောက်ချင်ကို ကာကွယ်မပေးနိူင်ခဲ့တဲ့အပြင် နားလည်မှုတွေလဲ မပေးနိင်ခဲ့ဘူး.....အဲ့အစား အစ်ကိုဖြစ်သူအပေါ်ထားရှိတဲ့မနာလိုစိတ်တွေကြောင့် ကျောက်ချင်ကို အထင်မြင်လွဲမှားပြီး တွန်းထုတ်လိုက်မိတယ်....ကျောက်ချင်က သူ့ကြောင့်နဲ့ အရှက်ရခြင်းပေါင်းများစွာကို ခံစားခဲ့ရတာတောင် အညှာတာကင်းမဲ့စွာနဲ့ မောင်းထုတ်လိုက်သေးတယ်.......
ကျိုးရိကျယ်ပြောပြခဲ့တာတွေကို ကြားယောင်မိနေတယ်။နာကျင်မှုက အစာအိမ်ထဲကနေ လည်ချောင်းတွေစီ ဆန်တက်လာတယ်.....ဖြစ်နိုင်မယ်ဆို...ချစ်ရသူရဲ့အပြုံးတွေကို နောက်တစ်ကြိမ်ပြန်မြင်နိုင်ဖို့ အသက်ဝိဉာဉ်နဲ့အလဲအလှယ်လုပ်ပစ်လိုက်ချင်တယ်......
YOU ARE READING
ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြားယောင်းခြင်းနည်းဗျူဟာ
General Fictionဝင်ဖတ်ကြည့်ပါ။အားမနာတမ်းဝေဖန်ပေးပါ။