အခန်း (20) လူငယ်ပြုစုပျိူးထောင်ခြင်းလက်စွဲ(2)

6.8K 899 47
                                    


[444: ညာဘက်ထောင့်ဆုံးနားမှာ ပြတင်းပေါက်ကိုမှီပြီးထိုင်နေတာ Hostတာ့တာ့ရဲ့ ပစ်မှတ် လီဟုန်ရွှမ်း....]

[ရှဲ့ဟယ်: လက်ရှိသူ ငါ့ကို ဘယ်နှမှတ်ဖိုးလောက် နှစ်သက်လဲ??]

[444: သုည]

[ရှဲ့ဟယ်: ငါ့ကို စိတ်မဝင်စားတဲ့ တစ်ဦးတည်းသောသူလေးပဲ....မဆရွ့လျားနိုင်တဲ့တောင်တန်းကြီးလို မြဲမြံတဲ့စိတ်ထားရှိတာပဲ....ငါကြိုက်တယ်...]

[444: Host တာ့တာ့ ကြိုးစားထား ကျားယို့]

[ရှဲ့ဟယ်: ခေါတောအကြည့်တွေနဲ့ကြည့်နေတဲ့နိုင်ငံခြားသားရုပ်နဲ့တစ်ယောက်ကရော ဘယ်နှစ်မှတ်ဖိုးလောက်နှစ်သက်နေပြီလဲ??]

[444: အယ်လန်ကိုပြောတာလား???60 ဖိုးဆိုတော့ မြင်မြင်ချင်းချစ်မိသွားတာများလား??]

[ရှဲ့ဟယ်: မဟုတ်ဘူး...အဲ့အကြည့်က သားကောင်ကိုရှာတွေ့သွားတဲ့ မုဆိုးရဲ့အကြည့်မျိုးတွေ...]

[ရှဲ့ဟယ်: ဘေဘီ...မင်းက ရိုးသားဖြူစင်ပြီးအရမ်းချစ်ဖို့ကောင်းတာပဲ....ကျေးဇူးပြုပြီး ရှေ့လျှောက်လဲ ဒီအတိုင်းလေးပဲနေပါလား]

444: အမြဲ ဒီလိုကြီးပဲမနေချင်ဘူး....

ရှဲ့ဟယ်က ကြောက်လန့်ပြီး ကူကယ်ရာမဲ့နေတဲ့အမူအရာမျိုးနဲ့ ကျောင်းသားတွေကိုကြည့်လိုက်တယ်။ဆောင်းဉီးပေါက်ကဘးလဖြစ်တဲ့အတွက် အေးလွန်းလို့ ခန္ဓာကိုယ်က အနည်းငယ်တုန်ရီနေတယ်။သို့ပါသော်လည်း အအေးဓာတ်က လူလယ်ကောင်မှာအရှက်ကွဲခဲ့ရခြင်းကို ဘယ်လိုများ ယှဉ်နိူင်ပါ့မလဲ???အထီကျန်ဆန်ပြီး လူကြောက်တတ်တဲ့ လူစားမျိုးဖြစ်တဲ့အတွက် အခုလို ဝိုင်းကြည့်နေတဲ့အကြည့်တွေကို ဘယ်ခံစားနိုင်ပါ့မလဲ??ဒါ့ကြောင့် ထိုအကြည့်တွေကိုကျောခိူင်းပြီးဝေးရာကိုပြေးထွက်ခဲ့လိုက်တယ်။

သန့်စင်အခန်းထဲကို ပြေးဝင်သွားလိုက်တယ်။ချိုင်းကြားမှာညှပ်ထားတဲ့ သင်ရိုးညွှန်းတမ်းတွေလဲ ရေတွေစိုရွှဲကုန်ပြီ...ပထမဆုံးသောစာသင်ချိန်အတွက် သတ္တိမွေးပြီး သေချာပြင်ဆင်ထားခဲ့ရသမျှတွေအကုန်လုံး မစတင်ရသေးခင်မှာတင် ရေစုန်မျှောခဲ့ရပြီပဲ.....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now