CH. 56

4K 539 64
                                    


........ဒီနေ့အတွက် update ကတော့ ကျယ်မကို ဘယ်တော့မှ ပြန်မကြိုက်သော crush ကြီးအတွက်ပါ....မွေးနေ့မှာပျော်ရွှင်ပါစေ Crushရေ.......အယ်မက ကျားကိုက်မှာကြောက်လို့ ပြန်မချစ်ပေမယ့် ကျယ်မကတော့ လင်ရသွားသည့်တိုင် အချစ်မပျက်ပါဘူးရှင်....💃💃💃💃 FB မှာဆေးထိုးလို့မရလို့ WP မှာ ဆေးလာထိုးတာ  😁😁😁😁......

ရှဲ့ဟယ်တစ်ယောက် ချင်နန်းတော်ထဲမှာထိုင်နေတယ်.... သူက စစ်တုရင်ခုံတစ်ခုံကို ထုတ်လိုက်ပြီး အဖြူနဲ့ အနက် စစ်တုရင်ရုပ်တွေကို လက်တစ်ဖက်ဆီမှာ ကိုင်ထားပြီး တစ်ယောက်တည်း စစ်တုရင် ကစားနေတယ်.....ရှဲ့ဟယ် အေးဆေးသက်သာစွာတည်ငြိမ်နေပြီး စစ်တုရင်ကစားပွဲဆီအာရုံရောက်နေပေမယ့် ဘေးနားက အစောင့်တွေကတော့ ရှဲ့ဟယ်ထက်တောင် ပိုပြီး စ်တ်လှုပ်ရှားနေကြတယ်......

[444: Host တာ့တာ့ရေ ချူရှင်းက ဒီလောက်ထိ သတ်မယ် ဖြတ်မယ် ကြိမ်းဝါးထားတာတောင် နည်းနည်းမှစိတ်မပူဘူးလား...]

[ရှဲ့ဟယ်: ဘေဘီရေ....မင်းကတော့အခုထိ လူသားတွေရဲ့ စိတ်ကို နားမလည်သေးပါလားကွာ....]

[444: ဟမ်? ???]

[ ရှဲ့ဟယ်: တစ်စုံတစ်ယောက်ကို တူးတူးခါးခါး မုန်းလာပြီဆို အဲ့လူ နာကျင်နေတာ နောင်တရနေတာမျိုးကိုပဲ မြင်ချင်ကြတော့တယ်....ဒီလူ ငါ့ကို ကြောက်အောင် ခြောက်နေတာ....ငါသာ မကြောက်ရင် ဒီခြိမ်းခြောက်မှုက ဘာမှ အဓိပ္ပါယ်မရှိဘူး...သူ ငါ့ကို  သတ်လိုက်လို့လဲ ထူးပြီး ပျော်မနေဘူး...]

[444:. .......]

[ ရှဲ့ဟယ်:  လတ်တလောမှာ ချူရှင်းက ချန်ချုန်းကို ဆင့်ခေါ်ပြီး ညှိနှိုင်းဖို့ ပြင်ဆင်နေတယ်.....အခုချိန်မှာ စီရင်ချက်ချဖို့ သိပ်စော လွန်းနေတယ်....အခုကိစ္စက ရုတ်တရက်ဖြစ်သွားတာမို့ သိတဲ့လူ သိပ်မရှိဘူး...အခု သူတို့ရဲ့လုပ်ရပ်က ငါ့ကို ခွင့်လွှတ်ပေးနေတယ်လို့ ထင်ရပေမယ့် အတိတ်တုန်းကတော့ ဒီလို ဘယ်ဟုတ်လိမ့်မလဲ.....ငါ့နေရာကို အစားထိုးဖို့ ဘယ်လွယ်လိမ့်မလဲ...ငါ့ကို သတ်ဖို့လွယ်ပေမယ့် ငါသေရင် ပုလ္လင်ပေါ် ဘယ်သူထိုင်မှာလဲ.....ဟားးး လူဆိုတဲ့အမျိုးက သိပ်ကိုလောဘကြီးကြတယ်ကွ.... နှိမ့်ချပြီး နေရကောင်းမှန်း မသိကြဘူး....ချူရှင်းလို လူစားမျိုးက သူတစ်ပါးကြိုးဆွဲရာလိုက်ကမယ့်လူစားမျိုးမှမဟုတ်တာ....အခုချိန်မှာ ငါသေသွားတာထက် အသက်ရှင်နေတာက ပိုအသုံးဝင်တယ်ကွ.......သတင်းပေါက်ကြားတာတွေကို ထိန်းချုပ်ဖို့တဖြည်းဖြည်းချင်းစီစဉ်ကြပြီး ငါ့ဘာသာငါ သေကြောင်းကြံသွားမယ့် အချိန်ကို စောင့်နေကြလိမ့်မယ်...ဟုတ်တယ်...အခုချိန်မှာ သူ့လက်ထဲမှာ စစ်တပ်ရဲ့အာဏာရှိနေတဲ့အတွက်သူ့ရဲ့ ဂုဏ်သိက္ခာကိုမထောက်တော့ဘဲ ငါ့ကို သတ်ရင်လဲ သတ်ပစ်လောက်မယ်....အခုချိန်မှာ ငါလုပ်သင့်တာ​က ငါ့ကို မသတ်ဘဲထားတာပိုကောင်းကြောင်း သိအောင် လုပ်ပေးရမယ်...ဒါ့အပြင် ငါ​​သေသွားရုံနဲ့တင် သူ့ရဲ့ ဒေါသတွေ မပြေနိုင်လောက်မှန်း သိအောင်လဲ လုပ်ပေးရမယ်....]

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now