ငါ့ရည်းစားရဲ့အစ်ကိုက ငါ့ကိုတိတ်တခိုးချစ်နေတယ်လို့ငါကြားထားတယ် (5.1)

6.1K 1K 21
                                    

[444: တကယ်ကြီး 10မှတ်တိုးလာတာပဲ!!!Hostတာ့တာ့ကိုလုံးဝလေးစားသွားပြီ။သူ Host နဲ့မတွေ့ဖြစ်တာ ဒီလောက်ကြာနေပြီကို ဘယ်လိုလုပ် အမှတ်တွေတိုးလာရတာလဲ]

[ရှဲ့ဟယ်: အရသာရှိတဲ့ဟင်းပွဲတွေကိုစားဖို့ ကြောက်နေစရာမလိုဘူးလေ။ဒါပေမယ့် နောက်တစ်ကြိမ်ထပ်ပြီး စားခွင့်မရှိနိုင်တော့တဲ့ အရသာကို ခံစားခဲ့ရတာလောက်ကြောက်စရာကောင်းတာမရှိနိူင်တော့ဘူး။ဒီအရသာအကြောင်းကို မရပ်မနားတွေးမိနေမယ်။ဒီအရသာကို  နေ့ရော၊ညပါတောင့်တာနေမယ်။ဒီအရသာအကြောင်းကိုတွေးလေတွေးလေ မင်းရဲ့စိတ်ကူးတွေထဲမှာ ဒီအရသာကပိုပြီး လှပလာလေပဲကွ]

တကယ်ဆို "လူတစ်သောင်းဆွဲဆောင်ခြင်း"Skillက အခြေခံအဆင့်မှာပဲရှိနေသေးပေမယ့် စွမ်းတာတော့ရှယ်စွမ်းတယ်။နို့မို့ဆို သာမာန်ရမှတ်ကနေ အခုလောက်ထိ ဖြစ်လာနိူင်မှာမဟုတ်ဘူး။

[444: +_+]

တကယ်ဆို 444 တစ်ကောင် ရှဲ့ဟယ်ပြောသမျှကို တစ်လုံးမျှ နားမလည်ပါ.....

[ရှဲ့ဟယ်: ငြိမ်ငြိမ်နေစမ်း၊ငါသရုပ်ဆောင်နေတာကို လာမနှောက်ယှက်နဲ့]

အိမ်ရှင်နေရာမှာ ထိုင်နေတဲ့သူကို ရှဲ့ဟယ်ငေးကြည့်နေရင်း ခေါင်းအစခြေအဆုံး တုန်ရီလာတယ်။

ရှဲ့ဟယ်ရဲ့လက်တွေ ရုတ်တရက်အေးစက်လာတာကို ကျိုးရိအန် ခံစားလိုက်ရတယ်။ရှဲ့ဟယ်က အပေါက်ဝကြီးမှာ မလှုပ်မယှက်နဲ့ တောင့်တောင့်ကြီး ခြေစုံရပ်နေတယ်။တစ်ဖက်လူ စိတ်လှုပ်ရှားနေတယ်လို့ ထင်သွားတာကြောင့် ကျိုးရိအန် ပြုံးလိုက်တယ်။

"အဆင်ပြေမှာပါ။ဒါ ကိုယ့်အစ်ကို ကျိုးရိကျယ်လေ"

ကျိူးရိကျယ် က ရှဲ့ဟယ်ကို ပထမဆုံးအကြိမ်တွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ကို ပြုံးပြသလို ယောင်ယောင်လေးပြုံးပြနေတယ်။ရှဲ့ဟယ်ဆီကို ဉီးတည်လာပြီး ညာလက်ကို ကမ်းလိုက်ပြီး နှုတ်ဆက်လိုက်တယ်။

"Hello"

ရှဲ့ဟယ် မတ်တပ်သေနေသလို မလှုပ်မယှက်ဖြစ်နေဆဲပဲ..သူ့ရှေ့မှာ မြင်နေရတဲ့ လက်ချောင်းလေးတွေက အပြစ်အနာဆာကင်းပြီးဘသွယ်လျနေပေမယ့် ရှဲ့ဟယ်အတွက်ကတော့ သူ့ဘဝထဲကို ဝင်ရောက်လာတဲ့
အိမ်မက်ဆိုးတွေထဲက နတ်ဆိုးရဲ့ လက်ချောင်းတွေသဖွယ်....

ငါးဆားနူအထက်ပုဂ္ဂိုလ်တစ်ယောက်ကိုဖြား​ယောင်းခြင်းနည်းဗျူဟာWhere stories live. Discover now