EPISODE • 02 •

1K 68 6
                                    

Episode • 02 •
Unicode Version

နေ့ရက်တိုင်းက သောက်နေကျလက်ဖက်ရည်လို ပုံမှန်ပါပဲ။ ကျောင်းသွားလိုက်၊ အသင်းကိစ္စလုပ်လိုက်၊ တစ်ခါတစ်လေ ကောင်လေးတစ်ယောက်အ‌ကြောင်းကို တွေးမိလိုက်နဲ့ပေါ့။

ဒီနေ့ကစနေနေ့ဖြစ်တာကြောင့် အိမ်မှာနေရတာပျင်းလာလို့ ရွှေပလ္လင်သွားရန် သော်ဝေအောင်ပြင်ဆင်လိုက်သည်။ ရွှေပလ္လင်ဆိုင်ရောက်တော့ တိုက်ဆိုင်မှုကြောင့်လားမသိ ဂုဏ်မြင့်ဟိဏ်းကိုတွေ့လေသည်။

ဂုဏ်မြင့်ဟိဏ်း၏ ပုံပန်းသွင်ပြင်မှာ အမြဲတမ်းခပ်တည်တည်ရှိသည်။ ဆေးအကူမလိုပဲ နီစွေးစွေးဖြစ်နေသော နှုတ်ခမ်းသားများက အမြဲတမ်းစေ့နေ၍ အပြုံးအရယ်ရှားသည်။ အသားအရည်ကတော့ ခပ်လတ်လတ်ရှိပြီး မိန်းကလေးများသဘောကျတတ်သော ရေခဲတုံးလိုအေး‌စက်စက်ယောက်ျားလေးမျိုးဖြစ်သည်။

ပထမတစ်ခေါက် သုတနိုင်အိမ်မှာ တွေ့တုန်းက ၀တ်ထားသည်မှာ Uniqlo brand ဖြစ်တဲ့ T-shirt အပြာရောင် နှင့် ankle trousers အနက်ရောင်ကို၀တ်လာသည်ကို တွေ့ရသည်။

ယခု ရွှေပလ္လင်တွင်လည်း Uniqlo မှထုတ်သော Navy blue လက်ရှည် နှင့် ankle trousers မီးခိုရောင် ကို၀တ်ထားပြီး နာရီကလည်း CHANEL J12 ကိုပတ်ထားသည်။ ဖုန်းကတော့ Iphone X ပဲကိုင်သည်။ ကြည့်ရသလောက် တော့ အသစ်မကိုင်ချင်သေလို့နေမည်။ Crosc Slider ကိုစီးထားပြီး NIKE လွယ်အိတ်လေးကတော့ အပြင်သွားတိုင်း အမြဲလွယ်သည် ထင်ပါ့။ တစ်ကိုယ်လုံး ခေါင်းအစခြေအဆုံး Brandတွေချည်း ဆင်ထားသော ကောင်လေးအား Brand တွေနှင့် ထိတွေ့နေကြလူများ အတွက်မူ ကြည့်ရုံနဲ့ ဘယ်လောက်ချမ်းသာသည်ကိုသိနိုင်သည်။

ဒီကောင်လေးလမ်းမှာ လုယက်ခံရရင်တော့ဖြင့်ဟု သော်ဝေအောင်တစ်ယောက်တွေးတောမိလိုက်၏။

လက်‌ဖက်ရည်ပုံမှန်တစ်ခွက်နှင့် ပဲပေါက်စီတစ်လုံးမှာပြီး ဂုဏ်မြင့်ဟိဏ်းရှိရာ သို့သွားလိုက်သည်။ သော်ဝေအောင်ကိုတော့မြင်ပုံမရ၊ ဖုန်းကိုသာ အာရုံရောက်နေသော‌ကြောင့်ဖြစ်သည်။

" ညီ "

•••••

ဂုဏ်မြင့်ဟိဏ်းတစ်ယောက် နေ့တစ်နေ့၏အစအတွက် တံမြက်စည်းလှဲ သန့်ရှင်းလုပ်ပြီး ရေချိုးပြင်ဆင် မနက်စာစားလိုက်သည်။ မနက်စာစားပြီးသော် ဘုရားရှိခိုးလိုက်ပြီး ဘုရားရှိခိုးပြီးသော် အချိန်ကြည့်ရာ ၁၀နာရီ ထိုးပြီးဖြစ်သောကြောင့် သုတနိုင် နှင့်တွေ့ရန် ချိန်းထားသော ရွှေပလ္လင် သို့ထွက်လာခဲ့လေသည်။

Destiny or FateWhere stories live. Discover now