EPISODE • 04 •

605 47 3
                                    

Episode • 04 •
Unicode Version

ဘာလိုလိုနဲ့ရက်ကနေ လအဖြစ်ပြောင်းလဲလာရာ ဒီကာလအတောအတွင်း အစ်ကိုနှင့်ဟိဏ်းတို့ နှစ်ယောက်အပြန်အလှန်စာပို့ရင်း ရင်းနှီးကျွမ်း၀င်လာကြသည်။

ကျောင်းပိတ်သော အားလက်ရက်များအတွင်း၌လည်း
သုတနိုင်၊ အစ်ကိုနှင့်ဟိဏ်းတို့ သုံးယောက်သား အတူ ရွှေပလ္လင်၌ဆုံဖြစ်ကြသည်။ ဆုံစရာကလည်း ဒီနေရာပဲရှိတာကိုး။

သုတနိုင်နှင့်ဟိဏ်းတို့နှစ်ယောက်ကတော့ ပြန်တည့်သွားကြပြီး အရင်ကနှစ်ယောက်တည်းသာဆုံနေကြနေရာမှာ လူသစ်‌တစ်ယောက်အနေနဲ့ အစ်ကိုကပါ,ပါ၀င်လာခဲ့သည်။ သုံးယောက်သားစကားဝိုင်းသည် အစပိုင်းတုန်းကလို အေးစက်မနေတော့ပဲ အချိန်ကြာလာသည်နှင့်အမျှ ပို၍နွေးထွေးလာလေသည်။

ဟိဏ်းက နေ့စဉ်ကြုံတွေရသည့်ကိစ္စသေးသေးတွေတွေက အစ အကြီးကြီးတွေအဆုံး အစ်ကို့အားပြောပြတတ်သည်။ ယခင်က သုတနိုင်အားပြောပြတတ်သည့် အကြောင်းအရာများဖြစ်သော်လည်း ယခုတော့ သုတနိုင်အား မပြောပြဖြစ်တော့ပဲ အစ်ကို့ကိုပြောပြသည်ကများသည်။ ဟိဏ်းဖတ်တဲ့စာအုပ်တွေအကြောင်း‌တွေကိုတော့ တခါတလေမှသာပြောတတ်သည်။

ဘာပဲဖြစ်ဖြစ်ဟိဏ်း အစ်ကို့အား ယုံကြည်အားကိုးလာသည်မှာအမှန်ဖြစ်သည်။ အစ်ကိုကတော့ ဘာတွေတွေးနေလဲမသိ။ ‌အတွေးကမ္ဘာထဲ၌ရောက်နေလေ၏။

" အစ်ကို "

" ... "

' ဖြန်း '

" ဟင် ဘာလို့လဲ "

ဟိဏ်း၏ရိုက်ချက်ကြောင့် အစ်ကိုက အတွေးကမ္ဘာထဲမှ တိမ်စိုင်တွေသည် လေပြေတစ်ချက်အဝှေ့ ပျောက်ကွယ်သွားရသလို သတိပြန်ဝင်လာ၏။

" အစ်ကို ဘာတွေတွေးနေတာလဲ ကျွန်တော်ခေါ်တာကြာနေပြီ "

" ဘာမှမဟုတ်ပါဘူး၊ မိသားစု ကိစ္စပါ "

ထိုစကားကြောင့်ဟိဏ်းတွေဝေသွားသည်။ မိသားစုအဆင်မပြေတဲ့သူတွေကစိတ်အားငယ်တတ်ကျသည် မှာသဘာ၀ပင်ဖြစ်သောကြောင့် အစ်ကို့ကို အားပေးစကားပြောရန်သာပြင်လိုက်သည်။

Destiny or FateWhere stories live. Discover now