EPISODE • 14 •

329 34 0
                                    

Episode • 14 •
Unicode Version

ဂုဏ်မြင့်ဟိဏ်း ဆန်ဆိုင်ကိစ္စမလုပ်ပါဘူးလို့တွေးထားမှပဲ သမိုင်းဆန်ဆိုင်ဘက်မှာ ဆိုင်ထိုင်ဖို့ ကြီးနှစ်ကတောင်းဆိုလာခဲ့သည်။ ငြင်းဆိုရန်မတတ်နိုင်‌တာမို့ ဆိုင်ထိုင်ဖို့ပဲတတ်နိုင်တော့သည်။ အခုလည်း ဆန်ဆိုင်ထိုင်ရင်း ဗိုက်ဆာလာတာကြောင့် ထမင်းချိုင့် လာပို့မည့် ထွန်းထွန်းကိုသာလည်းပင်းတစ်မျှော်မျှော်စောင့်နေရသည်။

" အစ်ကိုငယ်လေး ... ထမင်းချိုင့်လာပြီဗျ ... ဟီး "

ဟော ... ရောက်လာပါပြီ ဆရာသမားလေး။ ဟိဏ်းငယ်ငယ်ကဝတ်တဲ့အင်္ကျီဝမ်းဆက်အဟောင်းလေးနဲ့ ဟိဏ်းကိုယ်တိုင်ရွေးဝယ်ပေးထားတဲ့ Crocs ကွင်းထိုးဖိနပ်ကိုစီးကာ ငါးဆင့်စတီးထမင်းချိုင့်ကြီးကိုင်ထားတဲ့ သနပ်ခါးအဖွေးသားပေါ်တွင် ချွေးစီးကြောင်း တစ်ပြိုင်ပြိုင်းကျနေကာ ခပ်မောမောနဲ့ ဆိုင်ထဲဝင်လာတဲ့ ခပ်ညိုညိုကောင်လေးကို ကြည့်ကာရင်မောမိသည်။ ထိုကလေးရဲ့အသွင်အပြင်၊ ဝတ်စားဆင်ယင်ပုံကိုကြည့်ပြီး ဘယ်သူကမှ အလုပ်သမားကောင်လေးလို့တောင်ထင်နိုင်မသည်မဟုတ်။

" မင်းကို ငါဘာပြောထားလဲ ‌ထွန်းထွန်း "

" ဟင် ... သားကိုဘာပြောထားလို့လဲ၊ အစ်ကိုငယ်လေးရဲ့ "

" ဆိုင်ကိုလာရင် ဘယ်လိုလာရမယ်လို့ မှာထားလဲ "

" ဟီးဟီး "

ဟိဏ်းမေးတော့ ရှိသမျှသွားဖြူဖြူတွေ အကုန်ဖြီး၊ ဖြဲပြကာ ရယ်ပြလေသည် ။

" ရယ်စရာအကြောင်းမရှိဘူး ... ငါမေးတာကိုသာဖြေ ထွန်းထွန်း "

" ဆိုင်ကိုလာရင် ဦးထုပ်နဲ့ထီးကို သေချာ‌မမေ့မလျော့ပဲ ဆောင်းလာဖို့ မှာထားပါတယ် အစ်ကိုငယ်လေး "

" အေး ... မှာထားရဲ့သားနဲ့ ဘာလို့မဆောင်းလာတာလဲ "

" သား မေ့သွားလို့ပါ ... ပြီးတော့ ထီးကိုင်ရင်လက်ညောင်းလို့ပါ "

" မင်းမှာလဲ မေ့ရတာနဲ့၊ လက်ညောင်းရတာနဲ့၊ ဆင်ခြေဆင်လက်တွေချည်းပဲ "

" ... "

" အခုရော ဘယ်သဝေထိုးနေလို့ ကြာနေရတာလဲ "

Destiny or FateWhere stories live. Discover now