EPISODE • 11 •

341 33 7
                                    

Episode • 11 •
Unicode Version

မနက်ခင်း ဝေလင်ဝေဟီးအချိန်တွင် ကျေးငှက်တွန်သံများနှင့်အညီ နံနက်ခင်းဈေးသည်များလည်း လှုပ်ရှားသွားလာလို့နေလေပြီ။ အချိန်မှန်ကြားနေကြ‌ဖြစ်သော ပတ်ဝန်းကျင် ဆူညံများကြောင့် သော်ဝေအောင် နိုးထလို့လာခဲ့သည်။

ပုံမှန်ဆိုလည်း နေ့တိုင်းနေ့တိုင်း ယခုလိုအသံများကြောင့်
စောစောနိုးတတ်ပေမယ့် မနက်စာစားကာ ပြန်အိပ်လေ့ရှိသည်။

ကျောင်းကတော့ လိုအပ်မှသာသွားတက်သည်။ တက္ကသိုလ်ကျောင်းသား‌တစ်ယောက်အတွက် နေ့စဉ်နေ့တိုင်း ကျောင်းတက်ဖို့ရာကတော့ မလိုအပ်ပေ။ ကျောင်းအနုပညာအသင်း ဒုတိယဥက္ကဌ တစ်ဖြစ်လည်း ယာယီဥက္ကဌတစ်ယောက်ကစည်းကမ်းပျက်လှသည်။ သို့သော်လည်း မည်သို့ပင်စည်းကမ်းပျက်စေကာမူ ဆူပူကြိမ်းမောင်းမည့်သူမှမရှိပဲကို။

သော်ဝေအောင် အောက်ထပ်ကိုဆင်းသွားလိုက်တော့ မာမီက ပဲပြုတ်နှင့်ထမင်းကိုရောနယ်ထားသော ပဲထမင်းနှင့်ကြက်ဥမွှေကြော်ကို ထမင်စား စားပွဲပေါ်တွင် အဆင်သင့်ပြင်ထားသည်။ ထမင်းစားဝိုင်းတွင် ဦးစွာရောက်နေသော မမကအရင်ဆုံး စားသောက်နှင့်လေပြီ။

" Morning "

" Morning မမ "

နှစ်ယောက်သား နှုတ်ဆက်ပြီးတော့မှပဲ ပဲထမင်းကို စစားလိုက်သည်။ သော်ဝေအောင် စားနေတုန်းမှာပဲ မမက စားလို့ ပြီးသွားလေပြီ။

" ဒီနေ့ လှည်းတန်းဘက်သွားမလို့ အဖော်လိုက်ခဲ့ပေးဦး "

" အင်း ... ဘယ်အချိန်လောက်လဲ "

" ညနေလောက်ပေါ့ "

" ရပါတယ်၊ လှည်းတန်းကို ဘာသွားလုပ်မလို့လဲ "

" ဖိနပ်သွားကြည့်မလို့ "

" မမ မှာဖိနပ်တွေမှ အများကြီးပဲကို ဘာဖိနပ်ဝယ်ဦးမလို့လဲ၊ ပြီးတော့ ဖိနပ်ဆိုတာတစ်ရံရှိရင်တော်ပေါ့ "

" တူမလား၊ နင်ကယောက်ျားလေး၊ ငါကမိန်းကလေးလေ "

" ယောက်ျားတွေ မိန်းမတွေ အားလုံးတူတူပဲလေ၊ ဘာကွာလို့လဲ "

" နင်မသိပါဘူးဟာ၊ ညနေကျရင် လှည်းတန်းက Ipanema ကိုပို့ပေး၊ ပြီးတော့ ကိန္နရီ လည်းဝင်ရမယ် "

Destiny or FateWhere stories live. Discover now