EPISODE • 36 •

267 22 10
                                    

Episode 36
Unicode Version

ဘုန်းကြီးကျောင်းတစ်ခုရဲ့ပိုင်နက်ထဲမှာရှိနေတဲ့ ဆောက်လက်စကျောင်းဆောင်ကြီးကိုကြည့်ရင်း သော်ဝေအောင်ဆေးလိပ်ငွေ့တွေကိုမှုတ်ထုတ်လိုက်သည်။ လေထဲမှာပျောက်ကွယ်သွားတဲ့ဆေးလိပ်ငွေ့မှတစ်ဆင့် အတိတ်နေ့ရက်များသို့‌တစ်စစတွေးမိသည်။

လွန်ခဲ့တဲ့သုံးနှစ်တုန်းက ဟိဏ်းထွက်သွားပြီးတဲ့အချိန်ကပေါ့။ ဟိဏ်းရဲ့ကြီးနှစ်နဲ့တွေ့ပြီး သော်ဝေအောင်တစ်နေ့လုံးအခန်းအောင်းကာ စဉ်းစားဆုံးဖြတ်ခဲ့သည်။ ဟိဏ်းကိုအချိန်ခဏတစ်ခုအထိလက်တွဲကာစောင့်ခိုင်းပြီး သော်ဝေအောင်ကတော့ အလုပ်ကြိုးစားလုပ်ရင်း ဟိဏ်းအတွက်တစ်နေ့မှာ ငွေကိုရေလိုသုံးနိုင်တဲ့အထိစုဆောင်းရှာဖွေနိုင်မှ ဟိဏ်းနဲ့လက်ထပ်မည်။

ဆုံးဖြတ်ချက်ချပြီး ဟိဏ်းရဲ့အိမ်ကိုလိုက်သွားခဲ့တော့ ဟိဏ်းကမရှိတော့ချေ။ ဟိဏ်းဂျပန်ကိုသွားပြီဆိုတဲ့စကားကြောင့် ဖြစ်ရပ်တွေကို သော်ဝေအောင်တွေးတောချိန်ဆကာရယ်မိလိုက်သည်။ တကယ်တမ်းကျတော့ ဟိဏ်းရဲ့ကြီးနှစ်က သော်ဝေအောင်ကိုတစ်ဖက်လှည့်နဲ့လှည့်စားကာ အတွေးများအောင်လုပ်ခဲ့ခြင်းဖြစ်၏။ ဒါပေမယ့် ဒီလိုလှည့်စားခဲ့တာက သော်ဝေအောင်အတွက်အခွင့်အရေးတစ်ခုများဖြစ်သွားခဲ့သည်။

သော်ဝေအောင်ဘွဲ့ယူပြီးတာနဲ့ ကြီးနှစ်ရဲ့အမျိုးသားဖြစ်သူ၊ ဟိဏ်းရဲ့ဘဘဆိုသူက သော်ဝေအောင်ကို သူ့ရဲ့ MT ဆောက်လုပ်ရေးကုမ္ပဏီတွင်အလုပ်သွင်းပေးခဲ့သည်။ သော်ဝေအောင်ကိုယ်တိုင်ကလည်း အင်ဂျင်နီယာဆိုင်ရာဘွဲ့ကိုရထားတော့ပိုလွယ်ကူသွားတယ်လို့ပဲပြောရမလား။

ထို့အတူ MT ဆောက်လုပ်ရေးလုပ်ငန်းအတွင်းပိုင်းကပြဿနာအရှုပ်တွေကလည်း သော်ဝေအောင်က ရှင်းသွားအောင်လုပ်ပေးခဲ့သည်။ MT ဆောက်လုပ်ရေးလုပ်ငန်းတွင်လည်း ဦးမင်းညိုကပါဝင်နေခဲ့သည်။ ဦးမင်းညိုကလည်း MT ဆောက်လုပ်ရေးလုပ်ငန်းရဲ့ အရေးကြီးရှယ်ယာဝင်တစ်ဦးဖြစ်နေသည်။ ငွေကြေးပျောက်ဆုံးမှုတွေရဲ့တရားခံက ဦးမင်းညိုဖြစ်နေခဲ့သည်။

ဦးမင်းညိုလုပ်ကိုင်နေတဲ့လုပ်ငန်းအချက်အလက်တွေကို ဒေါ်ခင်ကျော်ရဲ့အကြောင်းစုံစမ်းတုန်းက သော်ဝေအောင်သိခဲ့ဖူးတာကြောင့် သော်ဝေအောင်ရှာတွေ့ခဲ့တဲ့အချက်အလက်တွေကို ဟိဏ်းရဲ့ဘဘကိုပေးကာ ကူညီပေးခဲ့သည်။

Destiny or FateWo Geschichten leben. Entdecke jetzt