EPISODE • 26 •

248 22 2
                                    

Episode 26
Unicode Version

လေ‌ပြေတစ်ချက်အဝှေ့မှာပဲ တစ်နေ့တစ်နေ့ဖင်လှည့်ခေါင်းလှည့်နဲ့အချိန်တွေတစ်ရက်,တစ်ရက်ကုန်သွားရင်းနဲ့ ချမ်းအေး‌တဲ့ ၁၂ လပိုင်းသို့ပင်ရောက်ရှိလို့လာလေပြီ။

အချိန်တွေတစ်ရွေ့ရွေ့ကုန်ဆုံးရင်း အစ်ကိုနဲ့ဟိဏ်းရဲ့ဆက်ဆံရေးနှောင်ကြိုးကလည်းပိုပိုပြီးခိုင်မြဲလာသလို ဟိဏ်းရဲ့အချစ်တွေကလည်း အစ်ကို့အပေါ်နေ့ရက်တိုင်းမနက်ဖြန်တိုင်းမှာတိုးပွားလာ၏။

နှစ်တစ်နှစ်ရဲ့‌နောက်ဆုံးလကိုဖြတ်သန်းနေတုန်းမှာ ဒီနှစ်မကုန်ခင်လေး ခင်ရတဲ့သူတွေနဲ့‌နှစ်သစ်ရဲ့နောက်ဆုံးရက်ကိုအတူတူဖြတ်သန်းရင်းကုန်ဆုံးမယ်ဆိုတဲ့အစ်ကို့ရဲ့အကြံပြုချက်ကြောင့် အားလုံးအတူတူဆုံနိုင်မယ့်နေရာသို့ ဟိဏ်းအခုရောက်နေခြင်းဖြစ်သည်။

ဟိဏ်းတစ်ယောက်တည်းလားဆိုတော့မဟုတ်ပါ။ သေချာပေါက်အစ်ကိုလည်းပါတာပေါ့။ တစ်ယောက်တည်းမဟုတ်ပေမယ့် နှစ်ယောက်တည်းပါ။ ဟိဏ်းတို့အခုရောက်နေတဲ့နေရာကတော့ ဟိဏ်းရဲ့အမည်ပေါက်နဲ့ပိုင်တဲ့ ဒဂုံဘက်ကဟိဏ်းရဲ့အိမ်ကြီးကိုရောက်နေတာဖြစ်သည်။

အားလုံးအတူတူဆုံဖို့အတွက်ဆိုရင် ဟိဏ်းရဲ့တစ်ဦးတည်းသောသူငယ်ချင်းဖြစ်တဲ့ သုတနိုင်ရော၊ အစ်ကို့ရဲ့သူငယ်ချင်း ကိုရှိုင်းရော၊ မမနဲ့အတူနှောင်းဖူးညိုကပါ,မပါမဖြစ်ဆုံကြမှာဆိုတော့ အားလုံးစိတ်လွတ်လပ်လွတ်‌ပျော်ပါးနိုင်မယ့်အိမ်ကဟိဏ်းရဲ့အိမ်တစ်ခုတည်းသာရှိသည်။

ဒီအိမ်ကြီးကဟိဏ်းရဲ့အမည်ပေါက်နဲ့ ကြီးနှစ်ကလွှဲပေးထားတာမို့ ဟိဏ်းလုပ်ချင်သလိုလုပ်လို့ရတယ်လို့ ဟိဏ်းထင်တာကြောင့် ဒီမှာဆုံဖို့အတွက်ပဲဟိဏ်းစဉ်းစားလိုက်တာဖြစ်သည်။

" အိမ်ကကိုယ်ထင်ထားသလောက် မရှုပ်ဘူးပဲ၊ ဟိဏ်းပြောတော့ ဒီအိမ်ကိုမရောက်ဖြစ်တာကြာပြီဆို "

ခြံထဲကိုဝင်ဝင်ချင်း အစ်ကိုရဲ့ထင်မြင်ကို နားထောင်ရင်းဟိဏ်းလည်း နည်းနည်းအတွေးများရသည်။ တကယ်လည်းခြံနဲ့အိမ်က လုံးဝကိုသန့်ရှင်းနေတာဖြစ်သည်။ တကယ်ဆိုရင်ဒီအိမ်ကိုဟိဏ်းနောက်ဆုံးလာခဲ့တာက ပြီးခဲ့နှစ်ကအိမ်ငှားကိစ္စတစ်ခုကြောင့်လာခဲ့က နောက်ဆုံးဖြစ်သည်။ ဒီကြားထဲမှာကြီးနှစ်တို့များ လာနေသေးတာလားမသိပေ။

Destiny or FateWhere stories live. Discover now