EPISODE • 15 •

347 33 9
                                    

Episode 15
Unicode Version

ပူပြင်းနေတဲ့နေရောင်အောက်တွင် အပူဒဏ်ကိုကာကွယ်ရန်အတွက် ချည်သားလက်ရှည်အင်္ကျီအပါးလေးနဲ့ပုဆိုးကိုဝတ်ထားပေမယ့်လည်း နေရောင်ကွယ်ပေးထားတဲ့ တိုက်ခန်းအမိုးအောက်မှာ လုံခြုံစွာရှိနေသည်မို့ နေအပူဒဏ်ကိုကာကွယ်သော်ငြားလည်း အပူငွေ့ဒဏ်ကိုတော့ မကာကွယ်နိုင်။

" အစ်ကိုငယ်လေး အအေးမသောက်ဘူးလား "

ပါးစပ်ပါတိုင်း အလဟဿမဖြစ်ရလေအောင် စကားပြောနေသည့် ထွန်းထွန်းက အခုတော့ ဟိဏ်းဘက်ကိုလှည့်လာလေပြီ။

" မသောက်တော့ဘူး၊ ငါလမ်းမှာထောပတ်သီးဖျော်ရည်ဝယ်သောက်ခဲ့တယ် "

ဟိဏ်းပြောတော့ ခေါင်းလေးတစ်ငြိမ့်ငြိမ့်လုပ်ပြီး အာလူးကြော်စားလိုက်၊ အအေးသောက်လိုက်လုပ်နေပါလေရဲ့။ တစ်ခန်းရပ်သွားလို့တော်သေးသည်။

" သားအဒေါ်‌ ဒီနေ့ဆန်ဆိုင်မထိုင်ဘူးလား "

ဝယ်နေကြ ဖောက်သည်အန်တီတစ်ဦး ဆိုင်ရောက်လာတော့ စကားပြောဖော်ပြောဖက် ကြီးနှစ်ကိုမတွေ့လို့ အမေးအမြန်းကထူသေးသည်။

" ဟုတ်၊ ကြီးနှစ်က ညနေမှဆိုင်ထိုင်မှာအန်တီ "

" ဪ ... အဲတာဆို စကားပြောလို့မရတော့ဘူးပေါ့ "

ထိုအန်တီရဲ့စကားကို အပြုံးလေးနှင့်သာ တုံ့ပြန်လိုက်သည်။
ဆန် နှစ်ပြည်ဝယ်ပြီးတော့ ကိုယ်နဲ့လည်းမသိပဲ၊ ဘုမသိဘမသိ
သူပြောတာတွေနားထောင်ရသေးသည်။ စကားပြောလို့ဝတော့မှ ပြန်ဖို့သတိရဟန်။

" ဆိုက်ကားဂိတ်အထိ အန်တီ့ကိုလိုက်ပို့ပေးပါဦး သားရေ "

ထိုအန်တီပြန်တော့မှ ဘေးနားက အလုပ်သမား အစ်ကိုကြီး‌တွေကို ဆိုက်ကားဂိတ်လိုက်ပို့ခိုင်းရသည်။ထိုအန်တီထွက်သွားတော့မှ တစ်လျှောက်လုံးငြိမ်ကုပ်နေတဲ့ ထွန်းထွန်းရဲ့အသံဆာဆာက ထွက်လာသည်။

" အဲဒီအန်တီကြီးက စကားများလိုက်တာ "

အံမယ်၊ မသိရင် သူကျတော့ စကားမများတဲ့အတိုင်း။ ပြောရင်လည်း နားငြီးဦးမှာမို့ ဒိအတိုင်းသာထားလိုက်သည်။

Destiny or FateWhere stories live. Discover now