EPISODE • 25 •

276 25 12
                                    

Episode 25
Unicode Version

သော်ဝေအောင်ရဲ့မိသားစု အကြောင်းကိုပြောရမယ်ဆိုရင် ဇာတ်လမ်းတစ်ခုလုံးရဲ့ ဇာတ်မြစ်အစကြီးဖြစ်တဲ့ဒယ်ဒီ့အကြောင်းကို အရင်ဆုံးပြောပြရမှာဖြစ်သည်။

" ကိုယ့်ဒယ်ဒီက ရန်ကုန်သားမဟုတ်ဘူး၊ နယ်ဘက်ကနေ ရန်ကုန်ကိုလာပြီးကျောင်းလာတက်တာ၊ အခုခေတ်စကားနဲ့ရှင်းရှင်းပြောရရင် တောသားလေးပေါ့ "

စားလို့သောက်လို့ပြီးသွားတဲ့ဟိဏ်းက ဗိုက်ကားသွားတော့မှ သော်ဝေအောင်ရဲ့စကားကိုအာရုံစိုက်ကာနားထောင်လေ၏။ သူ့စကားတွေကို နားထောင်နေတဲ့ဟိဏ်းကိုလည်း မပျင်းရအောင် ပြောပြရသေးသည်။ ဟာသကလေးထည့်ပြောတော့ ဟိဏ်းက ခပ်ဟဟ‌ရယ်လေ၏။

" အစ်ကို့ဒယ်ဒီက ဘယ်နယ်၊ ဘယ်ဇာတိကလဲ "

" ကိုယ်လည်း ဒယ်ဒီ့ရဲ့ဇာတိကိုသေချာမသိဘူး၊ ကိုယ့်ဒယ်ဒီရဲ့စာအုပ်တွေထဲမှာလည်းမတွေ့ဖူးတဲ့အပြင် ကိုယ်လည်းမမေးဖူးဘူး၊ ကိုယ်တောင်ဒီအကြောင်းတွေကို ဒယ်ဒီ့ရဲ့ဒိုင်ယာရီစာအုပ်ထဲကသိရတာ "

" ခိုးဖတ်တာပေါ့ "

" ဒီတစ်ခါတော့ဟိဏ်းပြောသလိုပဲ ခိုးဖတ်တာပေါ့၊ ကိုယ်ခုနကပြောခဲ့သလိုပဲ မာမီနဲ့ဒယ်ဒီရန်ဖြစ်တာကနေကိုယ်စသိခဲ့တာ၊ အဲဒီတုန်းကတော့ ကိုယ်သေချာမသိသေးဘူး၊ နောက်တော့မှ ဒယ်ဒီ့ဒိုင်ယာရီစာအုပ်တွေကိုဖတ်မိပြီး အကြောင်းစုံသိခဲ့တာ "

" ဪ ... အဲဒါဆို အစ်ကိုသိတာအစ်ကို့မိဘတွေမသိ‌ဘူးပေါ့ "

" ဘယ်သိမလဲ ကိုယ့်အချစ်ရဲ့ ... ရွှတ် ... ရွှတ် "

သော်ဝေအောင်ရဲ့ဘေးမှာထိုင်နေတဲ့ ဟိဏ်းကသိချင်တာမေး၊ သူကဖြေချင်တာဖြေပြီး ဘေးတိုက်မြင်နေရတဲ့ဟိဏ်းရဲ့ပါးပြင်လေးကို တစ်ဖွဖွနမ်းလိုက်သည်။ ခဏခဏနမ်းနေလို့လားမသိ ဟိဏ်းကသူ့အနမ်းတွေကို ဂရုတောင်မစိုက်တော့ချေ။

" ဆက်ပြောပါဦး "

" အင်း ... ဒီအကြောင်းတွေကိုယုတ်စအဆုံး မမတောင်သိမယ်မထင်ဘူး၊ မမကလည်း သူ့အလုပ်နဲ့သူဆိုတော့ ကိုယ်တို့မောင်နှမနှစ်ယောက်က သူသိလားလည်းကိုယ်မသိသလို၊ ကိုယ်သိလားလည်းသူမသိဘူး "

Destiny or FateKde žijí příběhy. Začni objevovat