EPISODE • 28 •

255 20 2
                                    

Episode 28
Unicode Version

နှစ်သစ်ရဲ့ကောင်းမွန်တဲ့မနက်ခင်းလေးမှာ ပတ်ဝန်းကျင်မှ ဆူညံသံအနည်းအကျဉ်းကို ကြားလိုက်ရတာကြောင့် ဂုဏ်မြင့်ဟိဏ်း နိုးထလာခဲ့သည်။

ဟိဏ်းမျက်လုံးနှစ်လုံးပွင့်တာနဲ့ အိပ်‌မောကျနေတဲ့သုတနိုင်ရဲ့မျက်နှာကိုမြင်လိုက်ရသည်။ ဟိဏ်းငြိမ်ငြိမ်လှဲနေတုန်းခံစားမိတာက အစ်ကို့ရဲ့လက်တွေကဟိဏ်းရဲ့ခန္ဓာကိုယ်ကိုဖက်တွယ်ထားကာ ဟိဏ်းရဲ့အနောက်ကျောပြင်နှင့် အစ်ကို့ရဲ့အရှေ့ရင်ဘက်အခြမ်းတို့က နီးစပ်စွာဖိကပ်နေလေ၏။

အားလုံး ညနက်မှအိပ်သွားကြတာဆိုတော့ အကုန်လုံးတော့နိုးလောက်ဦးမှာမဟုတ်ဘူးလေ။ မနက်မိုးလင်းလို့ မျက်လုံးနှစ်လုံးပွင့်ပြီဆိုတဲ့ ဗိုက်ထဲကနေ ထုတ်သင့်တာထုတ်ပြီး ထည့်သင့်တာထည့်ရမယ်မဟုတ်လား။ အိမ်သာတက်၊ မျက်နှာသစ်၊ သွားတိုက်ပြီးရင် တစ်ခုခုစားပြီး အရင်ဆုံးဗိုက်ဖြည့်ရမှာဖြစ်‌တာကြောင့် အစ်ကို့ရဲ့လက်ကိုအသာလေးမကာ ဖယ်လိုက်ရင်း ခပ်ဖြေးဖြေးထလိုက်သည်။တွန့်ကြေနေတဲ့စောင်ကိုတော့ခေါက်မနေတော့ပါဘူး။ အစ်ကို့ရဲ့ကိုယ်ပေါ်ကိုထပ်ခြုံပေးလိုက်သည်။

" ဟိဏ်းလား "

" ကိုရှိုင်း နိုးပြီလား "

" အင်း ... အစ်ကိုနိုးတာကြာပြီ၊ အသက်ရှူသံပဲကြားရတော့ အားလုံးအိပ်နေကြသေးတယ်ထင်လို့၊ အစ်ကိုတစ်ခါတည်းလိုက်လို့ရမလား "

" အာ ... ရတာပေါ့ "

ထိုင်နေတဲ့ကိုရှိုင်းရဲ့ဘေးနားကိုသွားပြီး ကိုရှိုင်းရဲ့ကိုယ်ပေါ်ကစောင်ကိုယူကာ သုတနိုင်ရဲ့အပေါ်မှာခြုံပေးလိုက်သည်။ တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲ။

" လာ ... ဖြေးဖြေးထ ကိုရှိုင်း "

ကိုရှိုင်းကိုထိန်းတွဲပေးရင်း အပေါ်ထပ်ရေချိုးခန်းထဲသာခေါ်သွားလိုက်သည်။ သာမန်လူသာဆိုရင်အောက်ကိုတစ်ယောက်တည်းလွှတ်လို့ရပေမယ့် ကိုရှိုင်းကတော့မတူဘူးမလား။

" သွားတိုက်တံ ဘာညာတခြားလိုအပ်တဲ့ပစ္စည်းတွေကဘယ်မှာလဲ ကိုရှိုင်း "

Destiny or FateWhere stories live. Discover now