EPISODE • 41 •

346 21 6
                                    

Episode 41
Unicode Version

လမ်းတစ်လျှောက်လုံး တီတီမောင်းလာခဲ့တဲ့ကားကိုစီးရင်း ဟိဏ်းရဲ့ခေါင်းထဲမှာ ဘာမှမစဉ်းစားနိုင်တဲ့အထိ စိတ်လှုပ်ရှားနေခဲ့သည်။ ကားရပ်သွားတာနဲ့ဆင်းသွားတဲ့တီတီနောက်ကို မလိုက်ခင် ပတ်ဝန်းကျင်ကိုအရင်ကြည့်လိုက်တော့ ဟိဏ်းနဲ့ရင်းနှီးမှုရှိမနေတဲ့နေရာတစ်ခု။

အိမ်ထဲဝင်လိုက်တာနဲ့မြင်လိုက်ရတဲ့သူတွေကတော့ ဟိဏ်းနဲ့စိမ်းမနေနဲ့ ဟိဏ်းရဲ့အဒေါ် ၃ ယောက်။ ဧည့်ခန်းထဲမှာ ကြီးတစ်ကစ‌လို့ ကြီးနှစ်၊ ကြီးသုံးတို့အပြင် မေမေပါအပါထိုင်နေတာမို့ ဟိဏ်းသက်ပြင်းခပ်တိုးတိုးချမိသည်။

" သမီးပြောတယ်မဟုတ်လား၊ ကြီးကြီးတို့ရဲ့တူလေးက ဒီလိုဇာတ်လမ်းကိုခင်းနေတာပါဆို၊ သမီးပြောတာကြာ ... "

" နင့်ပါးစပ်ကိုပိတ်ထား "

တိတ်ဆိတ်နေတဲ့စကားဝိုင်းကိုအစဖော်လိုက်‌တဲ့ စုရတီမြင့်ကိုပိတ်အော်လိုက်တဲ့သူကတော့ တီတီဖြစ်၏။ ဟိဏ်းကိုကပ်လို့မရတော့ တီတီ့ကိုသွားကပ်တဲ့ စုရတီမြင့်က မကျေနပ်နိုင်သေးတဲ့ပုံပင်။

" ဒါ ... ဒါပေမယ့် ... "

" နင်ထွက်သွား ... ငါတို့မိသားစုမှာနင့်ကိုအလိုမရှိဘူး "

" အဲလိုလုပ်လို့ရရိုးလား၊ ဒီကိစ္စတွေကို သမီးပြောလို့ တီတီတို့သိတာမဟုတ်ဘူးလား "

" နင်မပြောလည်း ငါတို့အချိန်တန်ရင်သိမှာပဲ၊ စောသိတာနဲ့ နောက်ကျမှသိတာပဲကွာမယ်၊ ဒီကိစ္စပြောပြရုံနဲ့ ဒီမိသားစုထဲနင့်ကိုပြန်ထည့်မယ်ထင်နေတာလား "

" ဪ ... အခုတော့ဒီအချိုးချိုးပြီပေါ့၊ သည်းသည်းလှုပ်ထားတဲ့တူတော်မောင်က မျိုးတူကြိုက်နေတဲ့သူဖြစ်နေတာကိုသာ ရှင်းလိုက်ပါဦး "

" နင် ငါတို့အိမ်ထဲကထွက်သွားစမ်း၊ အမျိုးယုတ် ... "

" ထွက်သွားမှာပါ ... ဒီကိစ္စအတွက်တီတီတို့နောင်တရစေရမယ် "

လှည့်ထွက်သွားတဲ့ စုရတီမြင့်ကိုကြည့်နေရင်းနဲ့မှ ရုတ်တရက်ခံစားလိုက်ရတဲ့ နာကျင်မှုတစ်ခု။

Destiny or FateWhere stories live. Discover now