EPISODE • 37 •

258 18 16
                                    

Episode 37
Unicode Version

ဂျပန်နိုင်ငံတွင်လည်း အပန်းဖြေစံအိမ်တစ်ခု၌ လက်တွေ့မြင်တွေ့နေရသော စိမ်းဆိုလန်းဆန်းတဲ့သဘာဝရှုခင်းအလှတရားကို အသက်ဝင်တဲ့ပန်းချီကားတစ်ခုအသွင် ရေးဆွဲနေတဲ့ကောင်လေးတစ်ယောက်လည်းရှိသည်။

" Yume-san "

ပန်းချီကားရေးဆွဲနေတုန်းကြားလိုက်ရတဲ့ခေါ်သံကြောင့် စုပ်တံကိုင်ထားတဲ့ လက်ချောင်းသွယ်သွယ်ကလေးတွေသည် ရပ်တန့်သွားလေ၏။ ခဏအကြာမှပန်းချီကားကိုအဆုံးသတ်ကာ ဆွဲလက်စစုပ်တံကိုခုံပေါ်တွင်တင်လိုက်သည်။

" ဟုတ်ကဲ့ "

" Yume-san အတွက်ကျွန်တော်သခွားမွှေးသီးဖျော်လာခဲ့တယ် "

" ကျေးဇူးတင်ပါတယ် Asami-san "

" မလိုအပ်တာတွေ Yume-san "

Yume-san ဆိုတဲ့နာမည်လေးက ဟိဏ်းအတွက်တော့သိပ်ကိုလှပတဲ့နာမည်လေးတစ်ခု။ ဟိဏ်းဂျပန်နိုင်ငံရဲ့ပန်းချီလောကထဲထိုးဖောက်ဝင်ရောက်လာတဲ့အချိန်မှာ ဟိဏ်းအတွက်နာမည်ဆိုတာလိုအပ်တာမလို့ Yume ( ယူမဲ )ဆိုတဲ့ အိပ်မက် လို့အဓိပ္ပါယ်ရတဲ့နာမည်ကိုသာအသုံးပြုခဲ့သည်။

Yume ဆိုတဲ့နာမည်ရဲ့အိပ်မက်ဆိုတဲ့အဓိပ္ပါယ်အတိုင်း ဟိဏ်းဂျပန်ကိုရောက်လာခဲ့တာက ပန်းချီပညာကိုသင်ကြားချင်လို့ပဲမဟုတ်လား။ ဟိဏ်းကို ကြီးနှစ်ဂျပန်ကိုလွှတ်ခဲ့တဲ့ အဓိကအကြောင်းအရင်းက ဟိဏ်းငယ်ငယ်ကတည်းကသင်ယူချင်ခဲ့တဲ့ ပန်းချီပညာကိုလေ့လာရန်ဖြစ်သည်။

တကယ်တော့ကြီးနှစ်ကဟိဏ်းကိုမချစ်တော့လို့မဟုတ်ပဲ ဟိဏ်းဘဝအတွက် ပျော်ရွှင်မှုလမ်းကိုကိုယ်တိုင်ဖောက်ထိုးလျှောက်လှမ်းဖို့ လမ်းပြခဲ့တာမဟုတ်လား။

ဟိဏ်းလည်း Asami-san ပေးတဲ့သခွားမွှေးသီးဖျော်ရည်ခွက်ကိုလှမ်းယူကာ သောက်လိုက်သည်။ ချိုမြိန်တဲ့သခွားမွှေးသီးအရသာလေးက လျှာဖျားထက်အာခံတွင်းမှတစ်ဆင့် လည်ချောင်းထဲရောက်သွားတာနဲ့ ချိုချိုအေးအေးအရသာလေးကိုခံစားလိုက်ရသည်။

" ပန်းချီဆွဲထားတာအရမ်းလှတာပဲ Yume-san "

" မဟုတ်ရပါဘူး၊ ဒါကသာမန်ပါပဲ "

Destiny or FateWhere stories live. Discover now