EPISODE • 20 •

311 28 3
                                    

Episode 20
Unicode Version

ငွေဆောင်ကမ်းခြေခရီး ဒုတိယမြောက်နေ့မှာတော့ မနက် ၈ နာရီလောက်တွင် ဟိုတယ်၀န်ထမ်းတွေက အခန်းတိုင်းကို breakfast စားဖို့အတွက် breakfast card ‌လာပေးသည်။ မနက်စာကို ဘူဖေးစားလို့ရပြီး‌နေ့လယ်စာနဲ့ ညစာကိုတော့ ဟိုတယ်က စားသောက်ခန်းမှာ ကြိုမှထားလည်းရ၏။ ဒါမှမဟုတ် ကမ်းခြေက စားသောက်ဆိုင်တစ်ဆိုင်ဆိုင်မှာ ကိုယ့်ဘာသာသွား၀ယ်စားရင်လည်း အဆင်ပြေသည်။

ဒီနေ့မနက်နိုးကတည်းက ဂုဏ်မြင့်ဟိဏ်း စိတ်သစ်ကိုယ်သစ်နဲ့ စတင်ခဲ့ပြီဖြစ်သည်။ ဟိဏ်းရေချိုးသန့်စင်ပြီးတော့ driver ဦးလေးကိုပါ မနက်စာတူတူစားဖို့ တစ်ခါတည်းခေါ်ခဲ့လိုက်၏။ဘယ်လောက်ပဲ တာ၀န်အရစည်းနဲ့နေပါတယ်လို့ပြောပြော ကိုယ့်ဘက်ကလည်း တာဝန်ကျေပွန်အောင် ဆက်ဆံသင့်သည်မှာတော့ အမှန်ဖြစ်သည်။

မနက်စာစားဖို့ အစ်ကိုတို့အခန်းကို တံခါးသွားခေါက်တော့ သုတနိုင်ကထွက်လာသည်။

" Morning ဟိဏ်း "

" Morning ၊ အစ်ကိုရော ... "

" အစ်ကိုသော်ဝေ‌အောင်က ရေချိုးခန်းထဲမှာ "

" အာ ... အဲတာဆိုပြင်ဆင်ပြီးမှ မင်းတို့လိုက်ခဲ့လိုက်၊ ငါအရင်သွားနှင့်မယ် "

" အိုကေ၊ အဲဒါဆို ခဏနေမှတွေ့မယ် "

" အေး၊ ဪ ဒါနဲ့ breakfast card မေ့မလာနဲ့နော်၊ ကဒ်ပါမှ စားလို့ရမှာ "

" အခုပဲ ဖုန်းနောက်မှာထည့်ထားလိုက်မယ် "

" အင်း ... မမနဲ့နှောင်းဖူးညိုကိုလည်း မင်းတို့ပဲခေါ်ခဲ့လိုက်တော့သွားပြီ "

ထို့နောက်သုတနိုင်က ခေါင်းငြိမ့်ပြီးလက်ပြကာ အခန်းထဲပြန်၀င်သွား၏။ ဟိဏ်းလည်း နောက်ပြန်လှည့်ကာ ဂုတ်လေးပွတ်ရင်း ရပ်စောင့်နေတဲ့ဦးလေးကို အားနာစကားဆိုလိုက်သည်။

" နည်းနည်းကြာသွားတယ် ဦးလေး၊ အားနာလိုက်တာ "

" ရပါတယ် ငါ့တူရာ၊ သွားကြတာပေါ့ "

" ဟုတ် "

ဟိဏ်းတို့စားသောက်ခန်းရောက်တော့ နံနက်စာကိုအစုံအလင် အရှယ်အပယ် ဘူဖေးလုပ်ပေးထားသည်။ မနက်စာကို မြန်မာထမင်းဟင်းစားချင်သူအတွက်ရော၊ ထမင်းကြော်နဲ့စားချင်သူအတွက်ရော အဆင်ပြေအောင် လုပ်ပေးထားပြီး မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ပေါက်စီ၊ အသီးဖျော်ရည် စသည်တို့သာမက အခြားအခြားသော အစားအသောက်များလည်းရှိသေးသည်။

Destiny or FateWhere stories live. Discover now