EPISODE • 42 • FINALE

1.4K 34 11
                                    

Episode 42 [ Finale ]
Unicode Version

အချိန်တွေတစ်ရွေ့ရွေ့ကုန်ဆုံးလာရင်း တစ်နှစ်ပြီးတစ်နှစ်ဖြတ်သန်းလာရင်း သော်ဝေအောင်နဲ့ဟိဏ်း လက်ထပ်လိုက်ပြီဖြစ်သည်။ လက်ထပ်တယ်ဆိုတာကလည်း ကြီးကြီးကျယ်ကျယ်လက်ထပ်ခြင်းမျိုးမဟုတ်။

ဟိဏ်းနဲ့ပြန်တွေ့ခဲ့တဲ့ထားဝယ်အရပ်ထာနေဆီက ဟိဏ်းအတွက်ရည်ရွယ်ပြီးဆောက်လုပ်လှူဒါန်းထားတဲ့ဘုန်းကြီးကျောင်းမှာ ဟိဏ်းနဲ့အတူ မင်္ဂလာဆွမ်းကပ်ရင်း မိသားစုအချင်းချင်းသာ ပါဝင်တဲ့မင်္ဂလာဆွမ်းကျွေးဧည့်ခံပွဲကိုပြုလုပ်ခဲ့ကြသည်။

ကြီးကြီးကျယ်ကျယ်မလုပ်ခဲ့ရတဲ့အကြောင်းကတော့ လှူဒါန်းချင်သလို ‌‌လူများတာလည်းမကြိုက်တဲ့ဟိဏ်းရဲ့သဘောအတိုင်း ဟိဏ်းရဲ့ကြီးနှစ်ကစီစဉ်ပေးခဲ့တာဖြစ်သည်။

လက်ထပ်တာဖို့ကိုလည်း ဟိဏ်းနဲ့သော်ဝေအောင်တောင်ဘာမှမစီစဉ်ရသေးခင် ဟိဏ်းရဲ့အဒေါ်တွေကပဲစီစဉ်သွားတာဖြစ်၏။

အခုဆိုရင် သော်ဝေအောင်တို့ လက်ထပ်ထားတာ တစ်နှစ်ဝန်းကျင်တောင်ရှိနေပြီဖြစ်၏။ သော်ဝေအောင်လည်း ဟိဏ်းရဲ့ဘဘပိုင်တဲ့ MT ဆောက်လုပ်ရေးလုပ်ငန်းကို ဦးစီးနေသလို ဟိဏ်းကလည်း ဂျပန်နဲ့မြန်မာနိုင်ငံကို ဇရပ်လိုဝင်ချင်တိုင်းဝင်ထွက်ချင်တိုင်းထွက်ကာ ကူးပြောင်းသွားလာနေသည်။

သော်‌ဝေအောင် MT ဆောက်လုပ်ရေးလုပ်ငန်းကိုလက်လွှဲယူဖို့အစကငြင်းဆန်ခဲ့သည်။ ဘာကြောင့်ဆို ဒီလုပ်ငန်းကိုလက်လွှဲယူဖို့အတွက်က သော်ဝေအောင်နဲ့မှမသက်ဆိုင်ပဲ။ မိသားစုထဲ အင်ဂျင်နီယာဘွဲ့ရတဲ့လူတစ်ယောက်ကို လုပ်ငန်းလွှဲပြောင်းပေးမယ်ဆိုရင်တောင် ဟိဏ်းရဲ့အစ်ကို ကိုဂုဏ်စိုးမိုးကိုလွှဲပေးလို့ရတာပဲမဟုတ်လား။

ကိုဂုဏ်စိုးမိုးကလည်း ဒီမိသားစုနဲ့ပတ်သတ်တဲ့အလုပ်တွေကိုမလုပ်ချင်ဘူးဆိုပြီး လွှဲပြောင်းပေးတာကိုမယူတာမို့ သော်ဝေအောင်ရဲ့လက်ထဲကိုသာ MT ဆောက်လုပ်ရေးလုပ်ငန်းက တည့်တည့်ကြီးရောက်လာခဲ့သည်။

" ဂျီ ... ဂျီ ... ဂျီ "

စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းဆီက Messenger မှ free call ဝင်လာတာမို့ တုန်ခါသံကိုကြားနေရသည်။ သော်ဝေအောင် ထိုင်ခုံမှာသွားထိုင်လိုက်ရင်း ဖုန်းကိုကိုင်လိုက်တော့ တစ်ဖက်ကစကားပြောသံစူးစူးက သော်ဝေအောင်အတွက် ပျားသကာရည်လိုချိုမြမြဖြစ်နေဆဲ။

Destiny or FateWhere stories live. Discover now