EPISODE • 05 •

577 43 5
                                    

Episode • 05 •
Unicode Version

သော်ဝေအောင် ဟိဏ်းကိုမြင်လျှင် ယခင်အချိန်က မိမိကို မြင်ယောင်မိသည်။ ယခင်ကသော်ဝေအောင်သည် ဟိဏ်း ကဲ့သို့ပင် အပေါင်းအသင်းမရှိ၊ စကားပြောနည်း၍အနေတည်တံ့သော သူမျိုးဖြစ်သည်။ သို့ရာတွင် လောကကြီးတွင်တစ်ယောက်ထဲနေလို့မရကြောင်းကို သော်ဝေအောင်သေချာသိမြင်သိခဲ့သည်။ ထို့ကြောင့် ယခင်ကသော်ဝေအောင်ကို သူကိုယ်တိုင် ယခုသော်ဝေအောင် အဖြစ်သို့ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

သော်ဝေအောင် တွင် ရှိုင်းနေမင်းထင် ဟူသော သူငယ်ချင်းတစ်ယောက်ရှိသည်။ ရှိုင်း နှင့် သော်ဝေအောင် တို့သည်ကိုးတန်းမှစ၍ ‌ကျူရှင်တစ်ခုတွင် ဆုံခဲ့ကြခြင်းဖြစ်၏။ အစပိုင်းတွင် သော်ဝေအောင်တို့မှာ ကျောင်းမတူသော်လည်း သော်ဝေအောင်က ကိုးတန်းတွင် ခင်ခဲ့ရသောသူငယ်ချင်းနှင့် ကျောင်းအတူတတ်ချင်သောကြောင့် သော်ဝေအောင် ကျောင်းပြောင်းခဲ့သည်။ ဆယ်တန်းဆိုသည်မှာ ကျောင်းတတ်ချိန်သိပ်မရှိသောကြောင့် ကျူရှင်၌သာ ပို၍ဆုံဖြစ်ကြသည်။ ရှိုင်းမှာထိုကျူရှင်၌ပင် ဘော်ဒါဆောင်နေသော ကျောင်းသားဖြစ်၏။ သူငယ်ချင်းနှစ်ယောက်စလုံး ဆယ်တန်းတွင် နှစ်ဘာသာစီ ဂုဏ်ထူးအသီးအသီးပါခဲ့ကြသည်။ ပို၍ထူးဆန်းသည်ကား ဂုဏ်ထူးရသည့် ဘာသာမှာလည်း ရူပ‌‌ဗေဒနှင့်သင်္ချာ ဘာသာရပ် နှစ်ခုဖြစ်သည်။

ဆယ်တန်းဖြေပြီးနောက် နှစ်ဦးလုံး၏ဝါသနာမှာ အင်ဂျင်နီယာ ဖြစ်ချင်ကြသည်မှာလည်း တူညီနေပြန်သည်။ စိတ်တူကိုယ်တူ ဝါသနာတူ သူငယ်ချင်းနှစ်ယောက် ဖြစ်ပေသည်။ သို့ရာတွင် သော်ဝေအောင်သည် တကယ်တန်းတက္ကသိုလ် တက်ခါနီးတွင် မည်သည့်မေဂျာကို ရွေးရမလဲ မသိတော့‌ချေ။ ရှိုင်း ကတော့ Architecture ပိုင်းကိုယူသည်။ ထို့ကြောင့် သော်ဝေအောင်လည်း သူ့သူငယ်ချင်းအတိုင်းပင် Architecture ပိုင်းကိုသာယူလိုက်သည်။

ပထမနှစ်တွင် သော်ဝေအောင်ရော၊ ရှိုင်းရော နှစ်ယောက်သား တစ်ခန်းထဲပင်ကျ၍အားလုံးအဆင်ပြေလေသည်။ ဒုတိယနှစ်တွင် ရှိုင်းက ကျောင်းရဲ့အနုပညာအသင်းတွင် အသင်း၀င်အဖြစ်ပါ၀င်လိုက်သည်။ ရှိုင်းကတော့ ကျောင်းအသင်းတွင် ပါ၀င်ရ၍ ဆရာ၊ ဆရာမများသာမက ကျောင်းသားအားလုံးနှင့် ဖော်ဖော်ရွေရွေရှိလှသည်။ အသင်းအတွင်းသို့ စ,စဝင်ခြင်းမှာတော့ လုပ်ဆောင်ရတဲ့ တာ၀န်တွေက သိပ်မကြီးမားပေမယ့် အသင်းဝင်ပြီးတစ်နှစ်အကြာ၊ တတိယနှစ်တွင်မူ ရှိုင်းကအသင်း၏ ဘဏ္ဍာရေးမှူးတာ၀န်ကို ထမ်းဆောင်ရလေသည် ။

Destiny or FateWhere stories live. Discover now