EPISODE • 16 •

338 32 1
                                    

Episode 16
Unicode Version

၁၅ မိနစ်လောက်အထိစကားမပြောတော့ပဲ ဆိုင်အရှေ့မှာ ခင်းကျင်းထားတဲ့ ဆန်ပုံးတွေကိုသာ မျက်လုံးသေများဖြင့် ငြိမ်သက်စွာ စိုက်ကြည့်နေသော အစ်ကို့ကို ဟိဏ်းအနည်းငယ်လန့်မိသောကြောင့် ဆိတ်ဆိတ်သာနေလိုက်၏။

ရုတ်တရက်ကြီးဘာလို့ထပြီးစိတ်ဆိုးသွားတာလည်းဆိုတာ ဟိဏ်း စဉ်းစားလို့ပင်မရတော့ချေ။ နောက်ထပ် ၁၀ မိနစ်လောက်အကြာတွင် ဆန်လာဝယ်တဲ့အစ်မတစ်ယောက်ထွက်သွားတော့မှ အစ်ကို့ဆီက အသံထွက်လာသည်။

" ကိုယ့်ကိုအဲလောက်တောင် ရွံလား "

" ဟမ် "

အစ်ကိုရဲ့လျှပ်တစ်ပြက်မေးခွန်းက ဘာကိုဆိုလိုတာမှန်း ဟိဏ်းမသိတာမို့ ဘာပြန်ပြောရမှန်းမသိဖြစ်နေသည်။

" ဟိဏ်း အသန့်ကြိုက်မှန်းသိပေမယ့် ကိုယ်နမ်းတာကို အဲလောက်ထိ ရွံလိမ့်မယ်လို့မထင်ထားဘူး "

" ဗျာ "

နမ်းတဲ့ကိစ္စလို့ပြောလာတော့မှ ဟိဏ်းခုနကကိစ္စကိုသတိရမိသည်။ နမ်းတဲ့ကိစ္စကို သူ့ကိုရွံလို့ဆိုပြီး ဇွတ်အတင်းတွေ စိတ်ကောက်နေတဲ့ အစ်ကို့ကိုကြည့်ရင်း ရယ်ချင်မိသည်။ သို့သော်လည်း အသံထွက်မရယ်ရဲတာကြောင့် စိတ်ထဲမှာပဲရယ်လိုက်ရ၏။

" အစ်ကို့ကိုရွံတယ်လို့ ကျွန်တော်ပြောမိလို့လား "

" ဒါဆိုမရွံဘူးလား "

ခုနကအထိ ဟိဏ်းကိုလုံးဝမကြည့်ပဲ ဆန်ပုံးတွေကိုပဲ မျက်တောင်မခတ်တမ်းကြည့်နေတဲ့ အစ်ကိုက ဟိဏ်းကိုလှည့်ကြည့်လာသည်။ ဟိဏ်းရဲ့မျက်နှာကို အစ်ကိုကြည့်လာတော့မှ ခေါင်းခါရင်းဆိုလိုက်သည်။

" မရွံပါဘူး "

ဟိဏ်းမရွံပါဘူးလို့ ပြောတာကိုတောင် ပြန်ဖြေစကားမထွက်တော့တဲ့အထိ စကားမပြောနိုင်ရှာတော့တဲ့ အစ်ကို့ကို သနားသောအားဖြင့် ဟိဏ်း ဖြေရှင်းချက်ထုတ်ရတော့သည်။

" ကျွန်တော်ခုနက နေပူထဲကနေ ဆိုင်ထဲပြန်ဝင်လာတော့ တစ်ကိုယ်လုံး ချွေးတစ်ဒီးဒီးတစ်ပြိုင်းပြိုင်းကျနေတာလေဗျာ၊ ချွေးတွေနဲ့ဆိုတော့ မသန့်ရှင်းဘူးလေ၊ အဲတာကို အစ်ကိုက ကျွန်တော့်ကို နမ်းလိုက်တော့ ရွံစရာကြီးဖြစ်‌မနေဘူးလား "

Destiny or FateDonde viven las historias. Descúbrelo ahora