EPISODE • 08 •

405 34 6
                                    

Episode • 08 •
Unicode Version

ဆေးလိပ်ကို တစ်ခါရှိုက်လိုက်ပြီး တစ်ခါမှုတ်ထုတ်လိုက်တိုင်းစိတ်ပူပန်မှုတွေ ပျောက်သွားရင်ကောင်းမှာပဲလို့ ၀ရန်ဒါလက်ရန်းပေါ်မှာထိုင်ရင်း သော်ဝေအောင် စဉ်းစားနေမိသည်။

သော်ဝေအောင် ဒီနေ့အိမ်ပြန်ရောက်တုန်းက မာမီသွားခိုင်းတဲ့မွေးနေ့ပွဲအကြောင်းတွေးနေမိ၏။ မာမီတို့ဖုံးကွယ်ထားတဲ့အဓိကအကြောင်းအရင်းက ဘာလဲဆိုတာကိုလည်း‌ သော်ဝေအောင်သိချင်မိသည်။ ရုတ်တရက်ကြီးချက်ချင်း တွေးမိတာကဒယ်ဒီသဘောကျတဲ့ အိမ်ထောင်ဖက်ကို တစ်ဖက်လှည့်နဲ့ တွေ့ခိုင်းတာလားဆိုတာပါပဲ။

အဲဒီအချိန်မှာပဲ အချစ်ကို ရင်ဆိုင်သင့်ပြီလား ဆိုတဲ့အတွေးကြီးကပါ ခေါင်းထဲကို သံချောင်းရိုက်ထည့်လိုက်သလို တိုး၀င်လာသည်။ အခုဆိုရင်သော်ဝေအောင် ဟိဏ်းရဲ့မိသားစုအကြောင်းကို နက်နက်နဲနဲမသိသေးပေမယ့် တော်တော်သင့်သင့် သိနေပြီလို့ ပြောလို့ရနေပြီဖြစ်၏။ ပုံမှန်ဆို လူတစ်ယောက်ရဲ့အကြောင်းကို ၁လအတွင်း နှံ့နှံ့စပ်စပ် မသိနိုင်ပေ။ ၁လ အတွင်းသိသောသူအား ခဏတာစိတ်ကစားတာမဟုတ်ဘူးဆိုတာလည်း သေချာသည်။

အစပိုင်းကတော့ ညီလေးတစ်ယောက်လိုချစ်မိသည် ဟုသာတွေးခဲ့ဖူးသည်။ သို့သော်တစ်ဖြည်းဖြည်းနဲ့တော့ သော်ဝေအောင် ရဲ့ နှလုံးအိမ်က ညီလေးတစ်ယောက်လို ချစ်တာမဟုတ်ပဲ ချစ်သူတစ်ယောက်အနေနဲ့ ပိုင်ဆိုင်ချင်သလိုမျိုး ချစ်သည် ဆိုတာ သူ ရှင်းရှင်းလင်းလင်း သိလိုက်သည်။

ဒါပေမယ့် ဟိဏ်းက သော်ဝေအောင်လက်ခံလိုက်တယ်ဆိုရင်တောင် ဟိဏ်းရဲ့မိသားစုမျိုးရိုးက ယောက်ျားနှစ်ယောက်ရဲ့ချစ်ခြင်းကို လုံး၀လက်ခံနိုင်မှာမဟုတ်။ ဒါပေမယ့်လည်း သော်ဝေအောင်ကြိုးစားကြည့်ချင်သည်။

အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးတဲ့။
ဟိဏ်းသာ သော်ဝေအောင်ကိုပြန်ချစ်ရင် ဟိဏ်းရဲ့မိသားစု အင်အားလောက်က ဘာအရေးလဲ။ အရာရာဖွဲနဲ့ဆန်ကွဲသာ။

ဟိဏ်းကအချစ်ဆိုတာကို မသိသေးတဲ့ လူတစ်ယောက်။ ဒါပေမယ့် အနီးအနားမှာရှိနေတဲ့သော်ဝေအောင်ကို အချိန်မရွေး စိတ်ယိုင်လာနိုင်တယ်လို့ သော်ဝေအောင် သေချာပေါက်တွေးထားသည်။

Destiny or FateWhere stories live. Discover now