EPISODE • 27 •

243 27 0
                                    

Episode 27
Unicode Version

" အရင်လို ဆိုတာဘာကိုပြောချင်တာလဲနှောင်းဖူးညို "

" နှောင်းတို့အရင်က ရင်းနှီးခဲ့ကြတယ်လေ၊ အဲတုန်းကလိုမျိုး ရင်းရင်းနှီးနှီးပြန်နေချင်မိတယ်လို့ပြောတာပါ "

နှောင်းဖူးညိုကတော့ ဘုရားရှိခိုးပြီးပြီးချင်းဂုဏ်မြင့်ဟိဏ်းကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လာလုပ်နေတာပဲ။ တကယ်ဆိုရင် နှောင်းဖူးညိုဆိုတဲ့ မိန်းကလေးကို ဟိဏ်းလုံးဝမပတ်သတ်ချင်ပါ။ မပတ်သတ်ချင်ဘူးဆိုပေမယ့် ဟိဏ်းဘက်ကရှောင်မပြေးချင်လို့ အခုလိုခေါ်ပြောဆက်ဆံနေတာဖြစ်သည်။

မမနဲ့အစ်ကိုကဘာရည်ရွယ်ချက်နဲ့နှောင်းဖူးညိုကို ရင်းရင်းနှီးနှီးဆက်ဆံနေလဲတော့ ဟိဏ်းလည်းမသိ။ ဒါပေမယ့်လည်း ရှောင်ပြေးရအောင်လည်းဟိဏ်းဘက်ကအပြစ်လုပ်ထားတာမှမဟုတ်ပဲ။

ဟိဏ်းရဲ့အသားကိုသူစိမ်းထိတာမကြိုက်ပေမယ့်လည်း ဟိဏ်းရဲ့လက်ကိုဆွဲထားတဲ့နှောင်းဖူးညိုရဲ့လက်ကို ဖြည်းညင်းစွာဖြုတ်ချလိုက်သည်။

" ငါမှတ်မိသလောက် မင်းနဲ့ငါနဲ့တွဲခဲ့တုန်းကလည်း ငါမင်းကိုဒီလိုပဲဆက်ဆံခဲ့တယ်ထင်တာပဲ၊ ငါရဲ့ပုံစံကိုကနဂိုကတည်းကအေးတိအေးစက်ဆိုတာမင်းလည်းသိမှာပါ နှောင်းဖူးညို၊ မင်းအရင်လို ငါနဲ့ပြန်တွဲချင်တာဆိုရင်တော့ ငါစိတ်မကောင်းပါဘူး "

" နှောင်း ဟိဏ်းနဲ့ပြန်တွဲချင်တာမဟုတ်ပါဘူး၊ ဒီအတိုင်းခင်မင်ချင်ရုံလေးပါ "

" ငါကြိုးစားပေးပါ့မယ် "

" ကျေးဇူးပါဟိဏ်း "

" မလိုပါဘူး၊ ငါနဲ့အတူရှိခဲ့တဲ့အတိတ်ကနေ့ရက်တွေကိုမေ့ပစ်ဖို့ငါမပြောပါဘူး၊ ဒါပေမယ့် ကောင်းမွန်တဲ့အမှတ်တရတွေအဖြစ် မှတ်ဉာဏ်ထဲမှာသိမ်းစည်းထားလိုက်ပါ၊ နှစ်ဟောင်းမှာ အတိတ်ကိုချန်ထားခဲ့ပြီး နှစ်သစ်မှာ အနာဂတ်ကိုဖန်တီးလိုက်ပါ နှောင်း "

နှောင်းဖူးညိုကို အတိတ်တွေထဲပိတ်မမိနေစေချင်တော့တာမို့ ဟိဏ်း ဒီလိုပြောလိုက်ခြင်းဖြစ်သည်။ နှောင်းဖူးညိုနဲ့တွဲခဲ့တုန်းကခေါ်ခဲ့တဲ့ နှောင်းဆိုတဲ့နာမည်ကိုခေါ်လိုက်တဲ့စကားအဆုံးမှာ နှောင်းက နက်မှောင်တဲ့မျက်ဝန်းလေးတွေမမျက်ရည်တွေကျဆင်းလာလေ၏။

Destiny or FateWhere stories live. Discover now