EPISODE • 29 •

225 22 10
                                    

Episode 29
Unicode Version

ဘာလိုလိုနဲ့တစ်နှစ်ဆိုတဲ့အချိန်က ခဏလေးနဲ့ကုန်ဆုံးသွားခဲ့ရင်း ဟိဏ်းနဲ့အတူနေ့ရက်တွေကိုဖြတ်သန်းခဲ့တာကလည်း တစ်နှစ်ပြည့်သွားခဲ့ပြီဖြစ်သည်။

ဟိဏ်းနဲ့အတူရှိခဲ့တဲ့နေ့ရက်တိုင်းက ပြီးဆုံးသွားလို့ ငြီးငွေ့သွားသလိုမခံစားရပဲ နေ့သစ်တိုင်းမှာအတူတူရှိချင်ရလောက်အောင်အထိ အသစ်အသစ်တွေကြုံတွေ့ဖြတ်သန်းချင်မိသည်။ ဒါက‌တကယ်တော့ ဟိဏ်းနဲ့သော်ဝေအောင်တို့ကြားမှာ အချစ်တွေမကုန်ဆုံးပဲရှိနေသေးတယ်ဆိုတဲ့သက်သေပဲမဟုတ်လား။

ဒီနေ့က ဟိဏ်းနဲ့သော်ဝေအောင်တို့တွဲတာ တစ်နှစ်ပြည့်သွားတဲ့နေ့လေးမို့လို့ ဒီနေ့တော့ထူးထူးခြားခြား ဖြစ်သွားအောင် ဟိဏ်းအတွက် မွေးနေ့ရော၊ တစ်နှစ်ပြည့်နေ့လေးရောကိုပါပေါင်းလုပ်ပေးရန်စီစဉ်ထားသည်။

တကယ်တော့ဒီနေ့ကဟိဏ်းရဲ့မွေးနေ့ဟုတ်မနေခဲ့ပါ။ တကယ့်ဟိဏ်းရဲ့မွေးနေ့အစစ်အမှန်က ဖေဖော်ဝါရီ ၂၉ ရက်နေ့ဖြစ်တာမို့ နှစ်တိုင်းမှာမွေးနေ့ရှိမနေတဲ့အပြင် လေးနှစ်မှတစ်ကြိမ်သာမွေးနေ့ရက်ကိုကျရောက်တာကြောင့် ဟိဏ်းကမွေးနေ့ကိုလည်းသိပ်ပြီးအမှတ်ထားမနေဘူးဟုလည်းဆိုသည်။

" ငါရောက်ပြီ ... သော်ဝေအောင် "

‌ဟိဏ်းအကြောင်းစဉ်းစားရင်းနဲ့ပင် သူငယ်ချင်းဖြစ်သူ ငရှိုင်းရောက်လာ‌တာကြောင့် အရင်ဆုံးနားခိုင်းလိုက်သည်။ ခဏနေရင် မရပ်မနားလုပ်ရတော့မှာမလား။ ဟိဏ်းကို surprise လုပ်ဖို့အတွက် ရှိုင်းကို အကူအညီတောင်းထားတာဖြစ်သည။

" အေး ... အရင်နားလိုက်ဦး "

" အင်း ... ဟိဏ်းကဘယ်အချိန်လာမှာတဲ့လဲ "

" ငါလည်းသေချာတော့မသိဘူး၊ သူဆန်ဆိုင်ကပြန်လာမှ တန်းလာမှာတဲ့၊ ဆန်ဆိုင်ကနေ့တစ်ဝက်ထိုင်ရတာလေ "

" ဪ ... အေးပါ "

" ဒါနဲ့ ... မင်းမျက်လုံး‌က အဆင်ပြေလား "

" ပြေတယ်၊ မင်းကို‌ရော၊ ဟိဏ်းကိုရော ငါတကယ်ကျေးဇူးတင်တယ် "

" မလိုတာတွေပြောပြန်ပြီ "

" ဘာလို့မလိုရမှာလဲ၊ ဘာမှမပတ်သတ်တဲ့ သူစိမ်းတစ်ယောက်ကို ဂျပန်ကအမျိုးတွေနဲ့ဆက်သွယ်ပြီး မျက်ကြည်လွှာရအောင်လုပ်ပေးခဲ့တာလေ "

Destiny or FateWhere stories live. Discover now