EPISODE • 18 •

292 29 2
                                    

Episode 18
Unicode Version

အစ်ကိုနဲ့ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတွေ့ပြီးပြီမို့ ဒီရက်ပိုင်းအတွင်းမှာတော့ သိပ်မတွေ့ဖြစ်ပေ။ ဒီနေ့ကလည်း ၉လပိုင်းကုန်လည်းဖြစ်တာမို့ နောက်နေ့ဆိုရင်သီတင်းကျွတ်တောင်ရောက်တော့မည်ဖြစ်သည်။ ဂုဏ်မြင့်ဟိဏ်းတို့အတွက် ငွေဝင်ပေါက်ပေါ့။

သီတင်းကျွတ်ဆိုမှ ဟိဏ်းသတိရမိသည်။ အစ်ကို့ရဲ့အ‌မေကအထည်ဆိုင်ဖွင့်တာဆိုတော့ ကြီးကြီးတို့အားလုံးအတွက် အထည်‌ကောင်းကောင်းလေးတွေ သွားဝယ်ဖို့ရန်စဉ်းစားမိ၏။

ဒီနေ့အတွက် စာလုပ်တာလည်း လုံလောက်သွားပြီမို့ အစ်ကို့ကိုဖုန်းဆက်လိုက်သည်။

" ဟယ်လို ... ဟိဏ်း "

" အစ်ကို့အမေရဲ့အထည်ဆိုင်က လမ်းမတော်ဘယ်နားလဲ "

" ဘာလို့လဲ ... ဟိဏ်းလာမလို့လား "

" ဟုတ်၊ အထည်လာဝယ်မလို့ "

" ဘယ်အချိန်လာမှာလဲ ဟိဏ်း "

အခုဘယ်အချိန်လဲတောင်မသိတဲ့ဟိဏ်းရဲ့အဖြစ်က အစ်ကိုမေးမှ Laptop ကနာရီကို ပြူးပြဲကြည့်ရသည်။ နာရီကြည့်လိုက်တော့ ၁၁ နာရီစွန်းစွန်းပဲရှိသေးတာမို့ အစ်ကို့ကို အိမ်ကထွက်လာမယ့်အချိန်ကိုပြောလိုက်သည်။

" အခုတော့ ရေမိုးချိုးရဦးမယ်၊ အိမ်ကနေ ၁၂နာရီကျော်‌ကျော်လောက်ထွက်ခဲ့မယ်လေ "

" ဟုတ်ပြီ ... ဟုတ်ပြီ၊ နေ့လယ်စာစားမလာနဲ့‌‌ဟိဏ်း၊ ဆိုင်ရောက်မှအတူတူစားရအောင် "

" ဟုတ်ကဲ့အစ်ကို၊ လိပ်စာပေးဦး "

" ကိုယ်လိပ်စာကို စာရိုက်ပို့ပေးလိုက်မယ်‌ ဟိဏ်း၊ တက္ကစီငှားလာခဲ့ နေပူတယ်၊ အေးမယ့်အသားလေးဖြစ်ဖြစ်ဝတ်ခဲ့ "

" အင်းပါ ... အင်းပါ၊ သိပါတယ်၊ အဖေကြီးကြနေတာပဲ "

ဟိဏ်းပြောလိုက်တော့အစ်ကိုက ခုနကထက်‌ပုံမှန်ပြောနေကြစကားသံထက် တိုးသွားသည့်အသံဖြင့်ပြောလာသည်။

" အဖေကြီးတော့မဟုတ်ဘူး ဟိဏ်းရေ၊ ဟိဏ်းရဲ့အနာဂတ်ယောက်ျားကြီး "

" ဟောဗျာ ... စပြန်ပြီ "

" ချစ်လို့စတာပါကွာ၊ ရေချိုးတော့ရေချိုးတော့၊ ကိုယ်တို့စောင့်နေမယ် "

Destiny or FateWhere stories live. Discover now