EPISODE • 09 •

359 34 5
                                    

Episode • 09 •
Unicode Version

ဒီ‌နေ့က 8 လပိုင်း 16 ရက်နေ့ တစ်နည်းအားဖြင့် နှောင်းဖူးညိုရဲ့မွေးနေ့ပေါ့။ ဟိဏ်း မနက်နိုးနိုးချင်း ဖုန်းကိုင်ကြည့်တော့ ဖုန်းမှာမှတ်ထားတဲ့ reminder ကနှောင်းဖူးညိုရဲ့မွေးနေ့ကိုသွားဖို့ပေါ်နေသည်။

နှောင်းဖူးညိုရဲ့မွေးနေ့ကို သုတနိုင်နဲ့အတူသွားမယ်လို့ပြောထားတာမလို့သုတနိုင်ကိုပြင်ဆင်ဖို့လည်း ‌လှမ်းသတိပေးရသေး၏။
မွေးနေ့ပွဲကို ညနေပိုင်းလောက်မှလုပ်တာမလို့ dinner အတွက်တော့ရှယ်ပဲလို့တောင် သုတနိုင်က‌ရယ်မောပျော်ရွှင်ကာပြောနေသေးသည်။

ဟိဏ်းအတွက်တော့ မပျော်ရွှင်တဲ့နေ့ရက်တွေ အချိန်တွေက ပုံမှန်ထက် ရှည်ကြာနေသည်။ ဘာကြောင့် ရှည်ကြာနေလဲလို့မေးရင် အဲဒီအချိန်တွေကို လိုက်ခံစားနေတာကို။

မနှစ်သက်တဲ့ဇာတ်လမ်းတစ်ခုကို ကြည့်နေရတဲ့အချိန်က
နှစ်သက်တဲ့ဇာတ်လမ်းတစ်ခုကို ကြည့်နေရတဲ့အချိန်ထက် ပိုပြီး ကြာတယ်လို့ အသိစိတ်ကပြောပြနေသလိုပါပဲ။

ပျော်ရွှင်ခြင်းအချိန်က ... ကုန်ဆုံးလွယ်တယ် ...
၀မ်းနည်းခြင်းအချိန်က ... ကုန်ဆုံးမလွယ်ဘူး ...
ခက်တာက ဘာကြောင့်၀မ်းနည်းနေလဲ ဟိဏ်းကိုယ်တိုင်ပင်မသိ။

အရင်ကလိုအေးစက်တိတ်ဆိတ်တဲ့ နေ့ရက်တွေကဟိဏ်းဆီကို လွန်ခဲ့တဲ့ ရက်သတ္တပတ်ကတည်းက ပြန်ရောက်လာခဲ့သည်။
သုတနိုင်နဲ့ဖုန်းပြောပြီးတော့ အိပ်ယာပေါ်မှာလဲနေရင်း‌ အတွေးတွေက လွန်ခဲ့တဲ့တစ်ပတ်ဆီသို့ အလည်တစ်ခေါက်သွားလိုက်၏။

•••••

" အစ်ကို့ကိုကျွန်တော်ချစ်တဲ့အချစ်က အစ်ကိုတစ်ယောက်ထက်မပိုဘူး၊ ပြီးတော့အစ်ကို့အပေါ်ကြင်နာလိုက်မိလို့ အစ်ကို အထင်လွဲသွားခဲ့တာဆိုရင် ကျွန်တော်စိတ်မကောင်းပါဘူး "

ဟိဏ်းဆီကပြတ်သားတဲ့စကားသံတွေကို ကြားလိုက်ရတော့ သော်ဝေအောင် အရဲစွန့်ပြောလိုက်တာမှားသွားတာပဲဆိုတဲ့အ‌တွေးတစ်ခုသာ။

ခင်မင်ရင်းနှီးရတဲ့သူငယ်ချင်း၊ လေးစားယုံကြည်ရတဲ့အစ်ကို တစ်ယောက်လို ဆက်ဆံခဲ့မိတာကို သော်ဝေအောင်ကအမြတ်ထုတ်ချင်နေတာလို့ ဟိဏ်းတွေးနေမလား။

Destiny or FateWhere stories live. Discover now