Description ( Thaw - Hein )

2.3K 67 0
                                    

Unicode Version

စာရေးသူအမှာစာ

ဤဇာတ်လမ်းတွင်ပါဝင်သော ဇာတ်လမ်းဇာတ်ကွက်၊ ဇာတ်ကောင်များ၏ စိတ်နေစိတ်ထား၊ အမူအရာ၊ စကားပြောပသုံးအနှုန်းများသည် စာရေးသူ၏ စိတ်ကူးယဉ်ဖန်တီးမှုသက်သက်သာဖြစ်ပါသည်။

ဇာတ်လမ်းအတွင်းပါဝင်သော ပတ်ဝန်းကျင်နေရာဒေသများသည် ပြင်ပတွင်ရှိသော်ငြားလည်း တစ်စုံတစ်ရာဖော်ပြမှုမှားယွင်းသွားပါက စာရေးသူ၏အမှားအယွင်းသာဖြစ်သည်။

ထို့အတူ ဇာတ်ကွက်ဇာတ်လမ်းတစ်ခုစီတိုင်းသည် တိုက်ဆိုင်မှုများရှိသွားခဲ့သည်ရှိသော် မည်သည့်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်လိုစိတ်မရှိပါကြောင်းပြောကြားရင်း စာဖတ်သူအားလုံး ကျန်းမာရွှင်လန်းပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

•••

ငယ်ငယ်ကတည်းက အဖွားဝင်စားတယ်ဆိုတဲ့ယုံကြည်မှုကြောင့်အဒေါ်တွေအားလုံးက သည်းသည်းလှုပ်ချစ်ခြင်းခံရတဲ့ကောင်လေး၊ ငယ်ငယ်ကတည်းကအဒေါ်တွေရဲ့လက်အောက်မှာကြီးပြင်းလာခဲ့ရတာကြောင့် အဒေါ်တွေရဲ့စကားဆိုဘယ်တုန်းကမှ ငြင်းဆန်ခဲ့ဖူးခြင်းမရှိတဲ့ကောင်လေး၊ အဒေါ်တွေရဲ့အသိုင်းအဝိုင်းကြီးကလည်းခပ်ကြီးကြီးထဲကဖြစ်တာကြောင့် အပေါင်းအသင်းကလည်းလက်ချိုးရေလို့ရတဲ့အထိနည်းလွန်းတဲ့ကောင်လေး၊ အေးတိအေးစက်နဲ့စကားကိုလိုတာထက်ပိုမပြောတတ်တဲ့ကောင်လေး ဂုဏ်မြင့်ဟိဏ်း

မူရင်းဓာတ်ခံကစကားနည်းပေမယ့် အရွယ်ရောက်လာတဲ့အခါ တစ်ယောက်တည်းရှင်သန်နေထိုင်လို့မရဘူးဆိုတဲ့အသိကြောင့် ဖော်ရွေတဲ့စရိုက်တစ်ခုကိုဟန်ဆောင်ပြောင်းလဲခဲ့ရတဲ့ကောင်လေး မိသားစုဆိုတဲ့ခေါင်းစဉ်တစ်ခုအောက်မှာ ကြီးပြင်းလာခဲ့ရပေမယ့် တကယ်တမ်းကြတော့ မိသားစုမဟုတ်ပဲ ကတိစကားတစ်ခွန်းကြောင့်သာ မိသားစုဆိုတဲ့ခေါင်းစဉ်အောက်မှာကြီးပြင်းလာရတဲ့ကောင်လေး သော်ဝေအောင်

ထိုကောင်လေးနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတရားကရော ဘယ်လိုပေါက်ဖွားလာမှာလဲ။ ကံတရားကတော့ ထိုကောင်လေးနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတရားကို မျက်နှာသာပေးပါ့မလားဆိုတာသိချင်ရင်တော့ကျွန်တော့်ရဲ့ " Destiny or Fate " ဇာတ်လမ်းလေးကိုလိုက်ပါစီးမြောဖတ်ရှုပေးဖို့ တောင်းဆိုချင်ပါတယ်။

Destiny or FateWhere stories live. Discover now