EPISODE • 07 •

387 36 4
                                    

Episode • 07 •
Unicode Version

ဟိဏ်းတို့ဆိုင်ခန်းငှားမည့်နေရာကိုရောက်တော့ ဆိုင်ခန်းပိုင်ရှင်ကို တွေ့သည်။ ဆိုင်ခန်းပိုင်ရှင်ကို အသက်ကြီးကြီးလုတစ်ယောက်လို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့သပ်သပ်ရပ်ရပ်နှင့်လူကြီးလူကောင်းဆန်ဆန်ဝတ်စားဆင်ယင်ထားတဲ့ လူငယ် ယောက်ျားလေးတစ်ယောက်ဖြစ်သည်။ ထိုလူရဲ့မျက်နှာက ပကတိတည်ငြိမ်ကာ မျက်နှာထက်တွင် မျက်မှန်တစ်လက်သာရှိသည်။ စကားပြောလိုက်တိုင်း မျက်မှန်ကိုင်းလေးကို လက်ချောင်းသွယ်သွယ်လေးဖြင့် ပင့်တင့်ရင်းပြောသော ထိုအမျိုးသားက တော်တော်ကိုချောပေသည်။

" အဟမ်း "

ဟိဏ်း သူများရဲ့မျက်နှာချောချောလေးကိုငေးရင်း တွေဝေနေတုန်းမှာပဲ အစ်ကို့ရဲ့ချောင်းဟန့်သံကြီးကြောင့် အစ်ကို့ကိုမျက်စောင်းထိုးကာ ကြည့်လိုက်သည်။

" ကျွန်တော်က ဒီအိမ်ပိုင်ရှင် ကောင်းဆက်နိုင်ပါ "

" ဟုတ်ကဲ့ ... ကျွန်တော်က ဂုဏ်မြင့်ဟိဏ်းပါ၊ ဆိုင်ခန်းငှားဖို့လာကြည့်တာပါ "

" ဟုတ်ကဲ့၊ တိုက်ခန်းကိုပတ်ကြည့်လို့ရပါတယ် "

" ဟုတ် "

ဟိဏ်း တိုက်ခန်းကိုလေ့လာနေတုန်း ကိုကောင်းဆက်နိုင်က စကားစလာ၏။

" တကယ်တော့ ဆိုင်ခန်းငှားမယ်လို့ပုံတင်ထားတာက ကျွန်တော့် အိမ်ထောင်ဖက်ဗျ "

" အဲဒါဆို ကိုကောင်းဆက်နိုင်ကမငှားချင်ဘူးပေါ့ "

" အဲလိုလည်းမဟုတ်ပါဘူး၊ ကျွန်တော်က ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခု ဒါမှမဟုတ်ရင်လည်း တစ်ဆင့်ယူရောင်းလုပ်ငန်းလေးဖြစ်ဖြစ်လုပ်ချင်တာ "

" ဪ "

ထိုစဉ်မှာပင် တိုက်ခန်းအတွင်းသို့ နောက်ထပ်အမျိုးသားတစ်ယောက်က ဝင်ရောက်လာသည်။ ထိုအမျိုးသားကလည်း ကိုကောင်းဆက်နိုင်နည်းတူ လည်ကတုံးနှင့်ပုဆိုးကို ဝတ်စားဆင်ယင်ထားပုံမှာသန့်ရှင်းသပ်ရပ်လှသည်။ ဟိဏ်းရော၊ အစ်ကိုရော သပ်သပ်ရပ်ရပ်ဝတ်လာလို့တော်သေးသည်။

" မိတ်ဆက်ပေးရဦးမယ်၊ ဒါကျွန်ဝောာ့်အိမ်ထောင်ဖက်ပါ "

*အိမ်ထောင်ဖက်*

Destiny or FateWhere stories live. Discover now