EPISODE • 31 •

231 20 12
                                    

Episode 31
Unicode Version

" ကျွန်မတို့ ကွာရှင်းကြဖို့အချိန်ရောက်လာခဲ့ပြီပေါ့ ကိုမိုးဝေအောင် "

အိမ်တံခါးအဝကို‌ရောက်တာနဲ့ကြားလိုက်ရတဲ့မာမီ့ရဲ့အသံကြောင့် သော်ဝေအောင် ထိတ်လန့်မိသွားသည်။ အလောတကြီးနဲ့အိမ်ထဲကိုဝင်လိုက်တော့ ဧည့်ခန်းထဲတွင် မာမီ၊ ဒယ်ဒီနဲ့မမအပြင် တံခါးမကြီးဘက်ကိုကျောပေးကာ ဧည့်ခန်းမှာထိုင်‌နေတဲ့ မိန်းမတစ်ယောက်ကိုတွေ့လိုက်ရ၏။

ဒယ်ဒီရဲ့မျက်နှာထားက‌လည်း တင်းမာနေသလို မာမီရဲ့မျက်နှာထားကလည်းပျော့မနေပေ။ မမကလည်း မာမီ့ကိုထိန်းတွဲကာ သော်ဝေအောင်ကိုအခြေအနေမကောင်းဘူးဆိုတဲ့ပုံစံမျိုးနဲ့ကြည့်နေလေ၏။

" ကျွန်မဒီနေ့ကိုစောင့်နေခဲ့တာ ... အနှစ် ၂၀ ကျော်ရှင့်၊ အနှစ် ၂၀ ကျော်လုံးလုံး ဒီနေ့လိုနေ့မျိုးရောက်လာဖို့ကိုစောင့်မျှော်နေခဲ့တာ၊ ရှင်စောင့်ထိန်းလာခဲ့တဲ့ ‌ကလေးတွေပညာတတ်ကြီးဖြစ်တဲ့အထိဆိုတဲ့ကတိကျင့်ဝတ်ကြီးနဲ့အတူ ကျွန်မ ဝဋ်ကြွေးတွေဆက်ခဲ့ပြီးပြီမို့ ကျွန်မကိုလွတ်‌မြောက်ခွင့်ပေးပါတော့ "

ဒီလောက်ဆိုရင် မာမီပြောနေတာတွေကိုသော်ဝေအောင်နားလည်လိုက်ပြီဖြစ်သည်။ မာမီကလည်းဒါတွေကိုသိနေခဲ့တာပေါ့။ မာမီပြောခဲ့သလို မာမီ့အတွက်အကျိုးတစ်စက်မှမရှိပဲ လူနှစ်ယောက်ရဲ့ကတိဆိုတဲ့အရာကြောင့် အနှစ် ၂၀ လုံးလုံး ဒီလိုမျိုးနေခဲ့ရတာမို့ အခုလိုလွတ်မြောက်ဖို့ကိုစောင့်နေခဲ့တာဖြစ်လိမ်မည်။

" သား ဒီကိုလာခဲ့ "

" သားလေး "

တံခါးဝမှာရပ်နေတဲ့သော်ဝေအောင်ကို မာမီကမြင်တော့ လှမ်းခေါ်လေသည်။ ထို့နည်းတူတစ်ပြိုင်နက် ထိုင်နေရာမှ မတ်တပ်ရပ်ကာ သော်ဝေအောင်ကိုသားလေးလို့ဆိုလာတဲ့ မိန်းမတစ်ခြားသူတော့မဟုတ်ပေ။

နှောင်းဖူးညိုရဲ့အမေဖြစ်တဲ့ ဒေါ်ခင်ကျော်။ ရှင်းရှင်းပြောရရင် နှောင်းဖူးညိုရဲ့မိထွေး၊ သော်ဝေအောင်ရဲ့အမေရင်း၊ သော်ဝေအောင်ရဲ့ဒယ်ဒီလို့လူတွေသိထားကြတဲ့ ဦးမိုးဝေအောင်ရဲ့အချစ်ဦး။ နောက်ဆုံးတော့ရောက်လာခဲ့ပြီပေါ့။

Destiny or Fateحيث تعيش القصص. اكتشف الآن