Part 1

6.7K 159 2
                                    

၂၀၂၃/ ၁၂/ ၈

လေနတ်သား၏ ကလူကျီဆယ်မှုကြောင့် "လင်း" ၏ဆံမျှင်တို့သည်လည်း လေနတ်သားနှင့်အတူ ကခုန်လျက်ရှိလေသည်။ အေးချမ်းလှသော တောင်ပေါ်မြို့လေး၏ မြို့လယ်တစ်နေရာတွင် ပါးမို့နှစ်ဖက်ရဲရဲနီနေသော"လင်း" သည် မီးပွိုင့်တွင် မီးနီမိနေသောကြောင့် စိတ်ရှည်စွာပင်စောင့်စားလျက်ရှိလေသည်။

ချမ်းအေးလှသောကြောင့် လက်တစ်ဖက်ကို အင်္ကျီအိတ်ကပ်ထဲထည့်ထားပြီး ကျန်တစ်ဖက်ကတော့ ဈေးမှဝယ်ယူလာသောပစ္စည်းထုတ်များကို ကိုင်ဆောင်လျက်။

ကူးသန်းသွားလာနေသော ကားများကို စောင့်နေရင်း လမ်းတစ်ဖက် ကားထဲမှ လူတစ်ယောက်နှင့် ကျွန်တော် အမှတ်မထင် အကြည့်ချင်းဆုံမိသွားလေသည်။ထိုတခဏအတွင်း ကျွန်တော်သည် ရင်ဘက်တွင်းမှ စူးအောင့်သောဒဏ်ကို အလူးအလဲခံနေရပေမယ့် ထိုနာကျင်မှုကို ကျွန်တော်လစ်လျူရှုလျက် ရှေ့တူရူသို့သာ အကြည့်တို့ကို ပို့ထားလေတော့သည်။

မတွေးမိအောင် ကြိုးစားထားခဲ့သော အတိတ်တို့သည်ကား ကျွန်တော်၏စိတ်အတွင်းဝယ် အရုပ်ကားချပ်ပမာ ထင်ထင်ရှားရှား ပေါ်ထွက်လာတော့သည်။ပျော်ရွှင်စရာနေ့ရက်များ...ဒီလမ်းမကြီးပေါ်မှာ ကုန်ဆုံးခဲ့တဲ့ ကျွန်တော်တို့နှစ်‌ယောက်ရဲ့ နုပျိုမှုတွေ။အရင်တစ်ချိန်ကတော့ သူတို့တွေမှာ ပူပင်မှုမရှိ၊ကြောင့်ကြမှုမရှိဘဲ၊လွတ်လပ်စွာ ပျော်ရွှင်ခဲ့ကြသည်။

ကျွန်တော့် အတွေးတို့သည်ကား တောင်စဉ်ရေမရ။ပျော်သည်လည်းမဟုတ် ဝမ်းနည်းသည်လည်း မဟုတ်သော ခံစားချက်။ထိုသူကို တွေ့ချင်ပေမယ့် ရင်မဆိုင်ရဲ။ဒွိဟဖြစ်နေသော ခံစားချက်များကို လျစ်လျူရှု၊ထိုသူကိုလည်း လျစ်လျူရှုကာ ရှေ့တူရူမှာရှိသောလမ်းတစ်ဖက်ကိုသာ ကျွန်တော်တစိုက်မတ်မတ် ကူးသွားတော့သည်။

ထိုသူသည်ကား ကျွန်တော့်ရဲ့နှလုံးသား။ထိုသူသည်ကား ကျွန်တော့်ရဲ့အရင်းနှီးဆုံးသူ။ ထိုသူသည်ကား ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း။ထိုသူသည်ကား ကျွန်တော့်နှလုံးသားထဲက ဆူးတစ်ချောင်း။သူ့ကို "ကောင်း " လို့သာ ကျွန်တော် ခေါ်ဝေါ်သမုတ်ပေမယ့် သူ့နာမည်သည်ကား"စိုင်းကောင်းမင်းဝေ"။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now