Part 31

634 25 0
                                    

အပိုင်း(၃၁)

[အရင် အပိုင်းတွေတုန်းက လင်းရဲ့ POV တွေပါပဲ။ကောင်း ရဲ့ POV အခန်းက နည်းနည်းပဲပါပါတယ်။ အခုအပိုင်းက ကောင်းရဲ့ POV အခန်းတွေပါ။ ဒီအပိုင်းက လင်း ကောင်း ဘေးမှာ မရှိခဲ့တဲ့ အချိန်တွေကို ရေးထားတာပါ။]

၂၀၁၈ခုနှစ်/ နိုဝင်ဘာလ

ညကိုးနာရီခွဲ ဝန်းကျင်...

ကျွန်တော့်တိုက်ခန်းရှိရာ လမ်းတစ်ဖက်တွင် မမချယ်ရီ သူ့ကားကို ရပ်တန့်လိုက်လေသည်။ ကျွန်တော်လည်း ကားပေါ်မှ ဆင်းပြီး မမချယ်ရီကို နှုတ်ဆက်လိုက်လေတော့သည်။

"မမ ကျွန်တော်သွားပြီနော်..."

"ကောင်း မမ ကို မင်းလူနဲ့ ဘယ်တော့မိတ်ဆက်ပေးမှာလဲ.."

"မမကလည်း အေးဆေးပေါ့..."

"ဟုတ်ပါပြီ..."

မမချယ်ရီပါ ကားထဲက ထွက်လာပြီး ကျွန်တော်တို့ ငယ်ငယ်တုန်းက အကြောင်းတွေပြောပြီး ရယ်မောခဲ့ကြသည်။ မမကသူပြန်ခါနီး ကျွန်တော့်ကို ပွေ့ဖက်နှုတ်ဆက်ကာ ကားထဲသို့ပြန်ဝင်သွားလေတော့၏။ ကျွန်တော်လည်း လမ်းကူးဖို့ပြင်လိုက်စဉ် မမချယ်ရီသည် ကားပေါ်မှ အလျင်တဆော ပြန်ထွက်လာကာ ကျွန်တော့်ကို အော်ခေါ်လေသည်။

"ကောင်း!"

"ပြောစရာ ရှိသေးတာလား မမ"

"ဟို စံနွဲ့ ဖုန်းဆက်တယ်...သူ့ဆီအမြန်လာခဲ့ပေးပါတဲ့...မင်းကို ဖုန်းဆက်တာ ဆက်လို့မရလို့တဲ့...သူ့သူငယ်ချင်းတိုက်ရဲ့ အောက်တစ်ထပ်က အခန်း (၁၀၅)ကို အခုပဲ လာခဲ့ပေးပါတဲ့..."

"ညီမလေးက ဘာလို့ သူ့သူငယ်ချင်းအိမ် မဟုတ်ဘဲ တခြားကို ရောက်နေရတာလဲ..."

"လာမြန်မြန်သွားရအောင် ကောင်း"

"ကျွန်တော် မောင်းမယ် မမ"

ကျွန်တော် ကားမောင်းသူ နေရာဝင်ထိုင်ပြီး ကားကို သတ်မှတ်ထားသော ကီလိုထက် အရှိန်မြင့်ပြီး မောင်းထွက် လာခဲ့လေသည်။ ညီမလေး‌ ပြောတဲ့အခန်းသည် နှစ်လွှာတွင်ရှိနေသဖြင့် ကျွန်တော်တို့ လည်း ရောက်ရောက်ချင်း တိုက်ပေါ်သို့ အမြန်ပင် တက်သွားကြတော့သည်။ အခန်းနံပါတ် (၁၀၅)ကို ရှာတွေ့တော့ ကျွန်တော် တံခါးခေါက်လိုက်သည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now