Part 17

765 41 0
                                    


ဒုတိယမြောက်နေ့ ပေါင်းပေါင်း စာလာသင်သည့်နေ့မှာပင် အန်တီနန်းသည် ဦးလေးစိုင်း နေမကောင်းသောကြောင့် ရန်ကုန်ကို ရုတ်တရက်ပြန်ရမည်ဖြစ်သဖြင့် ပေါင်းပေါင်းကို လာကြိုရင်း နောက်ရက်တွေအတွက်ပါ တစ်ခါတည်း ခွင့်တိုင်လေသည်။

"သားလင်းလေး မေနန်း ရန်ကုန်အမြန်ပြန်မှဖြစ်မှာမို့ မြေးလေးအတွက် ခွင့်ပါတစ်ခါတည်း တိုင်သွားပါရစေကွယ်"

"ဟင်...မေနန်း...ကိစ္စက အရမ်းအရေးကြီးလို့လား"

"သားကောင်းတို့အဖေ ရုတ်တရက် မူးလဲလို့လေ...သားကောင်းကလည်း အလုပ်တစ်ဖက်နဲ့ဆိုတော့ မေနန်းပြန်မှ ဖြစ်မှာကွယ့်"

"ပေါင်းပေါင်းလေးကို ဒီမှာပဲ ထားခဲ့လို့ရလားဟင်"

ကျွန်တော် ပေါင်းပေါင်းကို ထားခဲ့ဖို့ပြောတော့ ပေါင်းပေါင်းက ခေါင်းတညိတ်ညိတ် လုပ်နေပြီး မေမေပါ ဝင်ထောက်ခံလေသည်။

"ဟုတ်တာပဲ မနန်းကလည်း ပေါင်းပေါင်းလေးကို ‌ဒီမှာပဲထားခဲ့ပါလား...ကျွန်မသေချာစောင့်ရှောက်ပေးမှာပါ"

"မဟုတ်တာရှင်...အားနာစရာကြီး..."

"မေနန်းကလည်း အားနာစရာ မလိုပါဘူး...ပေါင်းပေါင်းလေးကို မေနန်းရန်ကုန် ပြန်ခေါ်သွားရင် ပေါင်းပေါင်းကို တစ်ဖက်က ဂရုစိုက်ရ...ဦးစိုင်းကို ပြုစုရနဲ့ မေနန်း ပင်ပန်းနေမှာပေါ့ ...."

"ဟုတ်ပါတယ် မနန်းရယ် စိတ်ချလက်ချသာ ထားခဲ့ပါ..."

အန်တီနန်းလည်း အခြေအနေအရ မအားမလပ်ဖြစ်ပြီး ပေါင်းပေါင်းကို ဂရုမစိုက်နိုင်သည်ကို ကြိုတင် တွေးမိလေသောကြောင့် ပေါင်းပေါင်းဆန္ဒကို မေးကြည့်လေသည်။

"မြေးလေးကကော ဘယ်လိုလဲ...ဖွားနဲ့လိုက်ခဲ့မလား...ဒီမှာပဲ နေခဲ့မလား"

"မီး နေခဲ့မယ်လေ ဖွား..."

"ဟုတ်ပါပြီကွယ်...အခုတော့ဖွားနဲ့ ခဏ အိမ်ပြန်လိုက်ခဲ့အုံး...သမီးအဝတ်တို့ လိုတာတွေ သွားပြန်ယူရအုံးမယ်လေ"

"ဟုတ်ဖွား..."

"သားလင်းနဲ့ မသီရိရေ နန်း မြေးလေးကို နေ့လည်လောက် ပြန်လာပို့ပေးလို့ ရတယ်မလားဟင်...နန်း ညနေပဲ ရန်ကုန်ဆင်းမလို့လေ"

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now