Part 12

860 53 4
                                    

ပြုံးမိသွားသော အပြုံးတို့ကို အလျှင်အမြန် ရုပ်သိမ်းလိုက်ပြီး သူဝယ်လာသည့် ဟော့ပေါ့ကိုသာ ကျွန်တော် ဆက်စားနေလိုက်သည်။ ‌ထိုစဉ် ဖုန်းလာသဖြင့် ကျွန်တော်ကိုင်လိုက်သည်။

"ဟဲ့ လင်း နင်တို့က တော်တော် roတာပဲနော်"

ဤသည်မှာ ဖူဂျီမ ပြည့်ပြည့်ပင်ဖြစ်သည်။ ကျူတာ တစ်ယောက်ဖြစ်နေပါသော်လည်း သူကြိုက်တဲ့ BL fic တွေ၊ series တွေ၊ manga တွေကို သူ့တပည့်မ ဖူဂျီမတွေကို ပြန် sharing လုပ်ပြီး တစ်ခါတစ်ရံ စာအုပ်တွေပင် သူ့တပည့်တွေကို ဝယ်ပေးတတ်သေးသည်။ ယခုလည်း သူဘာကိုပြောနေမှန်း ကျွန်တော် နားမလည်။

"နင်ဘာပြောတာလဲ ။ ငါနားမလည်ဘူး"

"အံမယ် တစ်ယောက်က 'miss you , Hotpot'ဆိုပြီး fb story တင်၊ နောက်တစ်ယောက်ကျတော့လည်း 'ချစ်သူလေးအတွက်...'ဆိုတဲ့ caption နဲ့ Hotpot ပုံကို post တင်လို့တင်နဲ့ ။ ငါတော်တော်မျက်စိနောက်လာပြီ ။"

"ငါ့ဘာသာငါတင်တာပဲ။ သူနဲ့မှ မဆိုင်တာ"

"မဆိုင်လို့ပဲနော်...နင် အခုဟော့ပေါ့ သောက်နေတာမလား"

"အင်း...အယ်..မဟုတ်.."

"ဟား...ဟား...ဟား အလိမ်ပေါ်ပြီ...လင်းရယ် မလိမ်တတ်ရင် မလိမ်စမ်းပါနဲ့ "

"တော်ပြီဟာ ။ငါနေမကောင်းလို့ နားတော့မယ်။ဒါပဲ"

"ဟဲ့ လင်း ငါပြောစရာကျန်သေး..."

ပြည့်ပြည့် စကားမဆုံးခင် ကျွန်တော် ဖုန်းအမြန်ချလိုက်ရသည်။ တစ်ယောက်သော သူကတော့ ကျွန်တော့်ကို ပြုံးကာကြည့်နေလေရဲ့။ ဘာလဲ ဆိုတဲ့ အကြည့်နဲ့ ကျွန်တော် ကြည့်ပေးလိုက်တော့ ပြုံး၍သာ မျက်နှာလွှဲသွားလေသည်။

ကျွန်တော် ဟော့ပေါ့ သောက်ပြီး ဆေးသောက်တော့ သူကဘေးကနေ ကျွန်တော့်ကို ငေးကြည့်နေသည်။ ကျွန်တော် ဆေးသောက်ပြီးတော့ သူက ဟော့ပေါ့ပန်းကန်ထည့်တားသော လင်ပန်းကို အိမ်အောက်ထပ်သို့ပြန်ယူသွားလေသည်။

အကြာကြီး အိပ်ထားရသဖြင့် ညောင်းချိနေသော ကိုယ်ကို အကြောလျှော့လိုက်ကာ အိပ်ရာပေါ်မှာ ခေါင်းအုံးကိုမှီရင်း စာဖတ်ဖို့ ကြံလိုက်လေသည်။ ဘာစာအုပ်ဖတ်ရမလဲ စဉ်းစားနေစဉ် နွားနို့ခွက်တစ်ခွက်ယူလာကာ ကောင်း အခန်းထဲ ဝင်လာသည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now