Kaung's POV 4

258 13 0
                                    

လတစ်လသည် လျင်လျင်မြန်မြန်ပင် ကုန်ဆုံးသွားသည်မှာ ဒီဇင်ဘာကျောင်းပိတ်ရက်သို့ပင် ရောက်တော့မည် ဖြစ်သည်။ရှယ်လီနှင့်ကျွန်တော့်ဆက်ဆံရေးကတော့ ပုံမှန်ပင်။ချစ်သူရည်းစားတွေဆိုသော်ငြား ကျွန်တော်သည် ရှယ်လီ့ ဂုဏ်သိက္ခာကို အလေးထားပေးသည်။လင်း လက်ကို ‌တွဲဖို့ ရဲရဲဝံ့သည့် ကျွန်တော်သည် ရှယ်လီ့ လက်ကိုပင် မထိကိုင်ခဲ့။

သို့ပေမယ့် လင်းသည် ယခင်ကလိုမဟုတ်တော့။ကျွန်တော့်ကိုလည်း ကိစ္စရှိမှသာ စကားပြောတော့သလို ကျောင်းမုန့်ဆိုင်သွားရင်လည်း ယခင်ကလို လိုက်ခဲ့ဖို့ အတင်းမခေါ်တော့။ဒီနေ့လည်း ကျွန်တော်နှင့်ရှယ်လီ စကားပြောနေတုန်း လင်းမုန့်ဆိုင်ဘက် တစ်ယောက်တည်း ထွက်သွားလေသည်။

မုန့်ဆိုင်ဘက် ထွက်သွားသော လင်း ပြန်လာပြီလားဆိုပြီး ကျွန်တော့်မှာ စာသင်ခန်းတံခါးဆီသို့ မကြာမကြာအကြည့်လွှတ်နေရသည်။လင်းသည်မုန့်ဆိုင်မှ ပြန်တော့ရောက်လာပါရဲ့။သို့ပေမယ့် လင်း တစ်ယောက်တည်းတော့မဟုတ်။မိန်းကလေး တစ်ယောက်သည် လင်းနှင့်အတူ ယှဉ်တွဲ လမ်းလျှောက်လာပြီး စကားတပြောပြောနှင့်။လင်းနှင့်ထိုမိန်းကလေး ဘယ်တုန်းက ခင်သွားလဲ ကျွန်တော်မသိ။

အလိုမကျလာသောစိတ်နှင့်အတူ ကျွန်တော် လင်းကို မျက်မှောင်ကြုတ်ပြီး ကြည့်လိုက်သည်။

လင်းခုံမှာဝင်ထိုင်အထိ ကျွန်‌တော်နှင့်လင်း စကားမပြောမိသေး။ကျွန်‌တော် အနောက်တန်းက ယောက်ျားလေးတွေနဲ့ စကားပြောနေသလို လင်းကတော့ ချောကလက်‌တွေကို တစ်ခုပြီးတစ်ခု စားနေလေသည်။လင်းသည် လင်းမဟုတ်တော့သလို။ရက်ပိုင်းအတွင်းပင် ပြောင်းလဲသွားသော လင်းကို ကျွန်တော် နားမလည်နိုင်တော့။

"လင်း မင်းဘယ်တုန်းက ချောကလက်စားလို့လဲ။မင်းမှ‌ ချောကလက် မကြိုက်တာကို"

"အင်း အရင်ကမကြိုက်ဘူး ။ အခုမှကြိုက်သွားတာ"

လင်းသည် ကျွန်တော်မေးသမျှကို ခပ်ပေါ့ပေါ့ပင် ပြန်ဖြေနေလေသည်။‌ကျွန်တော် စကားဆက်ပြောမည်ပြုစဉ် ဆရာမ စာသင်ခန်းထဲဝင်လာ၍ စကားစပြတ်သွားခဲ့သည်။စာသင်ချိန် တစ်ချိန်ပြီး နောက်တစ်ချိန်မှာတော့ တာဝန်ကျဆရာမက နေမကောင်းသဖြင့် အတန်းမယူ။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now