Part 26

668 35 2
                                    

ချစ်သူသက်တမ်း တစ်နှစ်ကျော်ကြာချိန်တွင် ကောင်း တို့တစ်မိသားစုလုံး ရန်ကုန်သို့ အပြီးတိုင် ပြောင်းရွှေ့လေ၏။ ကျွန်တော်တို့သည်လည်း နောက်ဆုံးနှစ်သို့ ရောက်လာကြလေပြီ။ ပြည့်ပြည့်ကိုတော့ ကျွန်တော်နှင့် ကောင်း အကြောင်း ပြောပြထားမိသည်။ ပြည့်ပြည့်ကတော့ ကျွန်တော်တို့နှစ်ယောက်ကို အပြည့်အဝ နားလည်ပေးကာ ကျွန်တော်တို့နှစ်ယောက်နှင့် ယခင်ကထက် ပို၍ပင် ပေါင်းလာလေတော့သည်။

ကောင်း ၏ ဂရုစိုက်မှုများအပေါ်တွင် ကျွန်တော်လည်း တစ်ဆထက်တစ်ဆ နေသားကျလာခဲ့လေပြီ။ ကျွန်တော်လည်း နောက်ဆုံးနှစ်စာမေးပွဲကို Qualified ဝင်အောင် စာကိုယခင်ကထက် ကြိုးစားနေလေသည်။ ကောင်း ကတော့ အထူးကြိုးစား စရာမလို။ဒုတိယနှစ် အောင်စာရင်းထွက်ချိန်တည်းက ကောင်း ဂုဏ်ထူးတန်းဝင်ခဲ့လေသည်။ ဘာလို့ဆက်မတက်လဲ ဆိုတာတော့ ကျွန်တော်လည်း သူ့ကိုမမေးမိခဲ့။

ကျွန်တော် Term Paper အတွက် data တွေကို စစ်နေရင်း ကောင်း အခန်းထဲဝင်လာလေသည်။ ကောင်းနှင့် ကျွန်တော်က စာတမ်းပြုစုရသည့် အဖွဲ့မတူလေသောကြောင့် ကောင်း လည်း သူ့အဖွဲ့ရှိရာမှ ပြန်လာလေခြင်းဖြစ်သည်။

"အချစ်...မပြီးသေးဘူးလား..."

"အင်း...စစ်စရာ နည်းနည်းကျန်သေးလို့လေ"

"ကိုယ် ကူလုပ်ပေးရအုန်းမလား ဟင်"

"ရပါတယ်  မင်း လည်းပင်ပန်းနေမှာပေါ့ နားတော့လေ..."

ကျွန်တော် စာကြည့်စားပွဲမှာ ထိုင်ရင်း လုပ်လက်စအလုပ်ကို လုပ်နေစဉ် ကောင်း ကျွန်တော့်ပါးတစ်ဖက် ကိုနမ်းသွားပြီး ကျွန်တော့် အိပ်ရာပေါ်တွင်ပင် ဝင်အိပ်နေတော့သည်။ကျွန်တော်လည်း သူ့ကို မနိုင်ဘူး ဟူသောအကြည့်ဖြင့် ကြည့်ပေးလိုက်ပြီး ပြုံးနေမိတော့သည်။

ထိုအချိန်တွင်ပင် ကျွန်တော်သိချင်နေသော မေးခွန်းကို ကောင်း ကို‌ချက်ခြင်းပင် မေးလိုက်မိ၏။

"ကောင်း မင်းလေ Second Year တုန်းက Honest တန်းဝင်တာ ဘာလို့ဆက်မတက်တာလဲ"

"ကိုယ်က ကျောင်းကို အကြာကြီး မတက်ချင်ဘူးလေ...ကျောင်းပြီးရင် အိမ်က အလုပ်ကို ကိုယ်ပဲဦးစီးရမှာလေ...ပြီးတော့ အဓိက အကြောင်းအရင်းကတော့ လင်း ဆိုတဲ့ ကိုယ့်အချစ်ကြောင့်ပေါ့..."

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now