Part 10

877 60 2
                                    

၂၀၂၄ခုနှစ်/ ဇန်နဝါရီ (၁)ရက်

မနေ့ညက ဝိုင်အသောက်များပြီး နောက်ပိုင်းအဖြစ်အပျက်တို့ကို ကျွန်တော်မမှတ်မိခဲ့ပေ။ အခန်းထဲ ဘယ်လိုရောက်လာခဲ့မှန်းလည်း ပြန်စဉ်းစားလို့မရတော့ ။  နှစ်သစ်ကူး ရုံးပိတ်ရက်ဖြစ်သောကြောင့် ကျောင်းလည်းသွားစရာ မလိုပေ။ နာရီကို ကြည့်မိတော့ မနက် ခုနှစ်နာရီခွဲ။

အောက်ထပ်ကို ဆင်းလာလိုက်ပြီး မေမေ့ကိုရှာလိုက်တော့ မီးဖိုထဲမှာ ချက်ပြုတ်နေသော မေမေ့ကိုတွေ့လိုက်ရသည်။ ‌

"မေ ‌သားဒီနေ့ အိပ်ရာထနောက်ကျသွားတယ်"

"ငပျင်းလေး သားကောင်းတောင် မနက်အစောကြီးထပြီး ပြန်သွားပြီ"

"ဟင်...မနေ့က သူအိမ်မှာ အိပ်တာလား"

"အေးလေ ...သားကို အခန်းထဲလိုက်ပို့ပေးတာလဲသူပဲလေ။ မိုးအရမ်းချုပ်နေလို့ သူ့ကိုမပြန်ခိုင်းတော့တာ"

"သူက ဘယ်မှာ အိပ်တာလဲ"

"ဘယ်မှာအိပ်ရမှာလဲ ။ သားအခန်းပဲပေါ့ "

"ဟာ မေကလည်း ဘာလို့ ကျွန်တော့်အခန်းထဲမှာ အိပ်ခိုင်းရတာလဲ"

"သားကောင်းက သူစိမ်းလား သား ။ အရင်တုန်းကလည်း မင်းတို့ တစ်ခန်းတည်း တူတူအိပ်ကြတာပဲ။ ခုမှ ဘာဖြစ်နေတာလဲ ။ သားနော် မေမေပြောအုန်းမယ်...သားကောင်းပေါ်အရမ်းမဆိုးနဲ့။သူက သားအပေါ်ဆို သိပ်အလျှော့ပေးတာ။ ကိုယ်ကအနိုင် ယူတိုင်းလည်းကောင်းတာမဟုတ်ဘူး။ သားကောင်းလို သူငယ်ချင်းကောင်းက ရှားသွားပြီ "

'မေ့သားကောင်းကပဲ  သားကို အသည်းခွဲသွားတာလေ'ဆိုတာကိုတော့ ထုတ်မပြောဖြစ်တော့။ပြောစရာလည်း မလိုတော့ပေ။

ကျွန်တော်လည်း "ဟုတ်" ဟုသာဖြေပြီး မျက်နှာသစ်ဖို့ အပြင်ထွက်လာလိုက်သည်။

အပြင်ရောက်တော့ မြူတို့က ကျဆဲကျနေဆဲပင်။‌ရေကန်ထဲက အေးစက်စက် ရေတစ်ခွက်ကို ခပ်ကာ မျက်နှာသစ်လိုက်သည် ။ ပြီးနောက် သွားတိုက်ခြင်းအမှုကို ဆောင်ရွက်လိုက်လေသည် ။

မျက်နှာသစ်၊ ဘုရားရှိခိုးပြီးမှ အိမ်အောက်ထပ်သို့ ဆင်းခဲ့လိုက်သည် ။ ဖေဖေကတော့ ဧည့်ခန်းထဲတွင် သတင်းစာဖတ်နေလေသည် ။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now