Kaung's POV 2

317 18 0
                                    

၂၀၀၇ခုနှစ် / နိုဝင်ဘာလ

လူတစ်ယောက်နှင့်တစ်ယောက် ရှင်သန်နေထိုင်ကြပုံခြင်း မတူကြသလို...တစ်စုံတစ်ဦးအပေါ်ထားရှိသည့် ခံစားချက်တို့သည်လည်း မတူညီနိုင်။ ထို့အတူပင် လင်းအပေါ်ထားရှိသည့် ကျွန်တော့်ခံစားချက်တို့သည် ပိုင်ဆိုင်လိုမှု ပြင်းပြနေခဲ့သည်။ လင်းကို ဖွင့်ပြောဖို့ကတော့  မဖြစ်နိုင်သေး။ သူငယ်ချင်းသံယောစဉ်ပါ ပျက်သုဉ်းသွားနိုင်သည့်အတွက် ခံစားချက်တွေကို ယာယီခဏတာ ထိန်းချုပ်ထားရုံပေါ့။

သို့ပေမယ့် အကြောင်းဖန်လာသည့် ကံကြမ္မာသည်ကား ကျွန်တော့်ကို ဗီလိန်တစ်‌ယောက် ဖြစ်စေခဲ့သည်။ ကိုးတန်းနှစ်တွင် ကျွန်တော်တို့တက်နေကျ အလယ်တန်းကျောင်းလေးမှ အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ကြရလေသည်။ ကျောင်းသစ်၊လူသစ်၊စိတ်သစ်ဖြစ်နေချိန်တွင် ‌စိတ်အနှောင့်အယှက်က ပေါ်လာလေတော့သည်။

ကျောင်းဖွင့်ပြီး နှစ်ပတ်အကြာတွင် ကျွန်တော်တို့ ဘိုင်အိုအေ အခန်းသို့ ကျောင်းသူသစ် တစ်ယောက် ပြောင်းလာသည်။ သူ့နာမည်က ရှယ်လီ ဖြစ်ပြီး အသားဖြူဖြူ ခပ်ချောချော ဖြစ်လေသောကြောင့် ယောက်ျားလေးများ၏ ပါးစပ်ဖျားတွင် ရှယ်လီ...ရှယ်လီ ဆိုပြီး ဖြစ်လာတော့သည်။ သို့ပေမယ့် ထိုကောင်မလေး၏ အကြည့်များသည် လင်း အနားတွင် တဝဲလည်လည်။ မြွေမြွေချင်းခြေမြင်သည်ဟု ပြောရမည်ဆိုပါက ကျွန်တော်သည် သူ့အကြည့်များကို သဘောပေါက်နေခဲ့သည်။

ကျွန်တော့် စိတ်အလုံးစုံက လင်း အပေါ်တွင်သာ ရှိနေသော်လည်း လင်းကိုတော့ ကျွန်တော် စိတ်ပူမိပါသည်။ လင်းများ ရှယ်လီ့အပေါ် စိတ်ရှိနေမလား ဆိုပြီး စိုးရိမ်ရတာအမော...။ လင်း ဆိုသည်မှာလည်း လူတိုင်းကို အပြုံးတွေဖောဖောသီသီ ပေးတတ်တဲ့သူ။

တဖြေးဖြေး ရှယ်လီသည် ကျွန်တော်တို့အုပ်စုထဲသို့ ရောက်လာလေတော့သည်။ ကျွန်တော် ဘော်လုံးသွားကန်နေချိန်ဆို ပြည့်ပြည့်နှင့် ရှယ်လီသည် လင်း ဘေးနားရှိနေတတ်သည်။ အကြိုက်ချင်းလည်းတူတဲ့ လင်းနှင့် ရှယ်လီကြောင့် ကျွန်တော်ပင် လင်းနှင့်ဝေးကွာလာရသလို ခံစားနေရသည်။ထို့ကြောင့် ချစ်ရသူကို တခြားသူလက်ထံ ပါမသွားစေရန် ကျွန်တော်ပင် ဒါရိုက်တာလုပ်ပြီး ကျွန်တော်ပင် ဗီလိန်လုပ်ဇာတ်ကို နိုင်အောင်ကရလေတော့သည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now