Part 15

800 49 0
                                    

တပေါင်းလ....

မြန်မာ့ ဆယ့်နှစ်လရာသီတွင် အသာယာဆုံးလဟု တင်စားခေါ်ဝေါ်ကြသောလ။ သစ်ပင်ရှိ ရော်ရွက်ဝါများသည် တဖြုတ်ဖြုတ်ကြွေနေကြပေသည်။ဖူးသစ်စ ရွက်နုလေးများသည်လည်း
တဖြေးဖြေးပင် ရှင်သန်ကြီးထွားလာလေသည်။

ဥဩငှက်၏ ဆွေးမြေ့မြေ့ တွန်ကျူးသံကြောင့် တိတ်ဆိတ်နေသော ဝန်းကျင်၊ပူပြင်းခြောက်သွေ့နေသော ဝန်းကျင် တို့သည် ပို၍ပင် လွမ်းဆွတ်ဖွယ်ကောင်းလှပေသည်။

လေယူရာ ယိမ်းနွဲ့နေသော နှင်းဆီပင်များကို မိမိအခန်းပြတင်းဆီမှ ကြည့်ရင်း လင်းသည်လည်း တစ်စုံတစ်ယောက်ကို လွမ်းဆွတ်တမ်းတ နေလေသည်။ အလောတကြီး ထွက်သွားတဲ့နေ့ကတည်းက ပေါ်မလာတာ သုံးရက်ပင်ရှိလေပြီ။

ယခင်ချိန်တုန်းက ဘေးနား တကပ်ကပ်ရှိနေလျင် စိတ်ရှုပ်ရပေမယ့် ယခုတော့လည်း ဖုန်းဆက်မလာသောသူကြောင့် စိတ်ပူပန်နေရပြန်သည်။ သူ၏ "သမီး"လို့ခေါ်သံကို ပြန်ကြားယောင်မိတိုင်း လင်း၏ စိတ်တို့သည် မတင်မကျဖြစ်ရမြဲ။

သုံးရက်အတွင်း ထိုအကြောင်းကိုသာ ထပ်ခါထပ်ခါ ပြန်တွေးနေမိသောကြောင့် မရွှင်မလန်းဖြစ်ကာ သူ့ကိုသာမျှော်နေမိတော့သည်။ခြံရှေ့ကို ထိုးရပ်လာသောကားကြောင့် လင်း၏ မျက်ဝန်းတွင် ရောင်ခြည်တချို့ ဖြတ်ပြေးသွားတော့သည်။ ခြံတံခါးသွားဖွင့်ပေးရန် အခန်းထဲမှ အမြန်ထွက်ပြီး အောက်ထပ်သို့ ဆင်းလာလိုက်သည်။

အိမ်တွင် ကျွန်တော် တစ်ယောက်တည်းသာ ရှိနေသောကြောင့် အောက်ထပ် တံခါးမကြီးကိုလည်း အတွင်းထဲမှနေ၍ ချက်ချထားတတ်သည်။ တံခါးမကြီးကို အမြန်ဖွင့် ခြံတံခါးသော့ယူကာ မပြေးယုံတမည် ထွက်လာလိုက်သည်။

ထိုသူ၏ ကား အိမ်ထဲဝင်လာတော့ ကျွန်တော် ခြံတံခါးကိုပြန်ပိတ်လိုက်လေသည်။ သူ့ကားအနားရောက်သွားချိန်တွင် ကားပေါ်မှဆင်းလာသူသည် သူတစ်ယောက်တည်းမဟုတ်။ အသက်ခပ်ငယ်ငယ် ကလေးမလေးတစ်ယောက်ပါ ကားပေါ်မှဆင်းလာလေသည်။

ကျွန်တော် လည်း ကလေးမလေးကို အံ့ဩတကြီး ကြည့်နေစဉ် မိတ်ဆက် ပေးလာသူကြောင့် ကျွန်တော့်၏မျက်ဝန်းတို့ ပြူးကျယ်လာရသည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now