Part 30

688 29 0
                                    

အပိုင်း(၃၀)

သင်္ကြန်ကာလသည်လည်း ပျော်ရွှင်စွာပင် ကုန်ဆုံးသွားလေတော့သည်။ ကောင်း နှင့်ကျွန်တော်၏ ဆက်ဆံရေးသည်လည်း ယခင်ကထက် ပို၍ပင် အဆင်ပြေ‌လာလေသည်။ အင်္ဂလိပ်စာသင်တန်း ပိတ်ထားသဖြင့် အိမ်လေးသည်လည်း တိတ်ဆိတ်လျက်ရှိနေ၏။

ပေါင်းပေါင်း ကတော့ ဘေးအိမ်က တုန်တုန်နှင့်အတူ သွားဆော့နေလေသည်။ ကောင်း သည်လည်း အရေးကြီးသော စာရွက်စာတမ်းတွေ ယူစရာရှိလို့ဆိုပြီး အိမ်ပြန်သွားလေ၏။ ကျွန်တော်လည်း ဧည့်ခန်းထဲမှာပင် ထိုင်နေရင်း စားပွဲခုံပေါ်တွင်ရှိနေသော ဂျာနယ်တစ်စောင်ကို ကောက်ယူဖတ်လိုက်သည်။

အိမ်ရှေ့က လူရိပ်တွေ့သဖြင့် ကောင်း ထင်လိုက်ပေမယ့် ဝင်လာသူကို မြင်လိုက်ရသောအခါ မထင်မှတ်ထားသူ ဖြစ်နေလေသောကြောင့် အနည်းငယ်ပင် ကြောင်အမ်းအမ်း ဖြစ်ရသေး၏။

"အစ်ကိုလင်း နွဲ့ဝင်လာမယ်နော်..."

"လာလေ နွဲ့ ကောင်း တောင်အိမ်ပြန်သွားတယ်...လမ်းလွဲခဲ့တယ်နဲ့တူတယ်"

ကောင်း ၏ညီမဖြစ်သူ နန်းစံနွဲ့ သည် ယခင်အတိုင်း လှပနေဆဲ။ ယခုမူ သူ၏ ရင့်ကျက်မှုတို့ကြောင့် ထက်မြက်သော အမျိုးသမီးငယ် အသွင်ပေါက်နေလေတော့သည်။

"အိမ်ကိုက မရောက်သေးဘူး...ကားဂိတ်ကနေပဲ တန်းလာခဲ့တာလေ...‌ကိုကိုလည်း အစ်ကို့အိမ်မှာပဲ ဆိုပြီး ဒီကိုပဲ လိုက်လာတော့တာ...ဒါနဲ့ သမီးကောဟင်..."

"ပေါင်းပေါင်းလေးက ဘေးအိမ်က ကလေးမနဲ့ သွားဆော့နေတာလေ..."

"ဪ...သမီးလေးကို အစ်ကိုလင်း ဂရုစိုက်ပေးတဲ့ အတွက် နွဲ့ ကျေးဇူးတင်ပါတယ်နော်...အားလည်းအားနာရတယ်...ကိုကိုနဲ့ အစ်ကိုလင်း နားလည်မှုတွေ လွဲခဲ့ရတာက နွဲ့ ကြောင့်ပါ..."

"နွဲ့ ဘာကိုဆိုလိုတာလဲ မသိဘူး..."

"နွဲ့လည်း အစက မသိဘူး...မမချယ်ရီ ပြောပြမှ ကိုကိုနဲ့ အစ်ကိုလင်း အကြောင်းကို သိတာ...မားကိုပြောတော့ မားကလည်း သိနေတယ်လေ..."

"...."

စံနွဲ့၏ ပြောစကားကြောင့် သူသည်လည်း ကျွန်တော်နှင့် ကောင်း၏ အခြေအနေကို သိသွားပြီဖြစ်မှန်း သိလိုက်ရလေသည်။ မျက်နှာ နည်းနည်းပူသော်ညား မသိချင်ယောင်သာ ဆောင်လိုက်မိတော့သည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now