Part 2

2.1K 96 5
                                    

လူတို့သည် မွေးဖွားသောနေ့မှ သေဆုံးတဲ့‌နေ့ထိတိုင်အောင် ဘဝ၏ပူပန်မှုပေါင်းများစွာကို ကျော်ဖြတ်ခဲ့ကြသူများသာ ဖြစ်ကြသည် ။ တချို့ပူပန်မှုတွေက စီးပွား‌ရေး၊ငွေကြေးကြောင့် ဖြစ်သလို တချို့မှာ သားသမီး အပူ‌မီးတွေပင်ဖြစ်လေသည် ။ ဘယ်လိုပူပန်မှုပဲ ဖြစ်ပါစေ လူတို့၏ စိတ်နှလုံးကို နွမ်းနယ်စေသည့် အဆိုပါပူပန် ကြောင့်ကြမှုများသည် တစ်ချိန်တွင် မြူမှုန်များပမာ ပျောက်ကွယ်သွားကြရသည်သာ...။

ကျွန်တော့် ၏ မွေးနေ့သည်ကား ထူးခြားမှုမရှိသော သာမန်နေ့ရက်ထက်မပို ။ အိမ်ရှိ ဘုရားစင်တွင်သာ ဆီမီး၊ဆွမ်း၊ရေချမ်း၊ပန်း တို့ကို ကပ်လှူပူဇော်ပြီး မိဘနှစ်ပါးကို ဦးခိုက်ကန်တော့ကာ နံနက်စာကို မိသားစုစုံညီစွာ စားသောက်ကြသည်။

မိသားစု၏ နွေးထွေးစွာ ဖေးမမှု ၊ နား‌လည်ပေးမှုတွေကြောင့် ကျွန်တော်သည် ကျွန်တော့်၏ မိဘနှစ်ပါးနှင့် အစ်မ ဖြစ်သူအပေါ် ပို၍သာသံယောဇဉ်တွယ်လာလေတော့သည် ။

နံနက်စာ စားပြီးချိန်တွင်တော့ အိမ်ရှိ မိသားစုတို့သည် ကိုယ်စီလုပ်ငန်းခွင်သို့ သွားကြသည်။‌ ဖေဖေကတော့ ပန်းမြိုင်လယ်ကဥယျာဉ်မှူးပီပီသူ၏ ပျိုးခင်းတွေဆီသို့ ထွက်သွားလေပြီ ။

မမကလည်း ဈေးအပြင်ဘက်ရှိသူ၏ အထည်ဆိုင်သို့သွားသလို မေမေသည်လည်း သူ၏ ဂေဟာငယ်ကို သန့်ရှင်းသပ်ရပ်အောင် လုပ်နေသည်။ ကျွန်တော် သည်လည်း ကျွန်တော်၏ တပည့်များရှိရာ မြို့ပြင်က ဘုန်းတော်ကြီး ပညာသင်ကျောင်း သို့သွားရောက် တာဝန်ထမ်းဆောင်လေလည်။

ကျောင်းသို့ရောက်သောအခါ ကျောင်းထိုင်ဘုန်းတော်ကြီးဆီသို့ သွားရောက်ဦးခိုက်ပြီးမှ စာသင်ခန်းသို့ သွားကာ စာသင်ကြားခြင်းကို ဆောင်ရွက်လေတော့သည်။

တပည့်များသည် ကျွန်တော့်အ‌ပေါ်ချစ်ကြောက်ရိုသေသလို၊ သင်ကြားသမျှကိုလည်း စိတ်ပါဝင်စားစွာ အာရုံစိုက်နားထောင်နေကြသည် ။ ကျွန်တော်သည်  ယခုကျောင်းတွင် ပရဟိတ ဆရာအဖြစ်ဆောင်ရွက်နေသည်မှာ မနက်ဖြန်ဆိုလျှင် တစ်နှစ်ပင်ပြည့်တော့မည် ။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now