Part 6

994 60 5
                                    

စနေ၊တနင်္ဂနွေ ပိတ်ရက်တို့ပြီးဆုံးပြီး ကြာသပတေးနေ့မှာတော့ ဆရာတော်ဘုရားက ဆရာအသစ်လာဖို့ ရှိကြောင်း မိန့်မြွက်တော်မူလေသည်။

အမှန်တကယ်တော့ ဆရာအသစ်တစ်ယောက် လိုအပ်နေသည်မှာ ကြာခဲ့ပြီ ။ ရှိတဲ့ဆရာ၊ဆရာမတွေက အတန်းတွေမျှယူထားကြရသဖြင့် မအားလပ်ကြသည်မှာလည်း ကြာခဲ့ပြီ။

ယခုလို ဆရာအသစ်ရောက်မည်ဆိုသော သတင်းကြောင့် အိမ်ထောင်ရှိသော ဆရာ၊ဆရာမ များသာမက ကျွန်တော်ပါ ဝမ်းသာသွားရသည်။

"ဆရာအသစ်က ဘယ်တော့လောက် လာမယ်ဆိုတာ သိချင်လို့ပါ ဘုန်းဘုန်းဘုရား ။"

ဆရာမဒေါ်‌သန်းမေက အားလုံးသိချင်နေသော မေးခွန်းကို မေးလိုက်လေသည် ။

"နောက်တစ်ပတ် တနင်္လာနေ့ ဖြစ်မယ်။ ဆရာအသစ်ရောက်ရင် ဒကာကြီး၊ဒကာမကြီးတို့က ကူညီပေးလိုက်ပါအုန်း။ "

"တင်ပါ့ဘုရား ။တပည့်တော်တို့က ကူညီဖို့အသင့်ပါဘုရား။"

"ကောင်းပြီကွယ် ။ ဆရာအသစ်ရောက်တော့ ဒကာကြီးတို့ ဒကာမကြီးတို့လည်း နည်းနည်းသက်သာသွားတာ့ပေါ့။"

"တင်ပါ့ဘုရား။"

ထိုတစ်နေ့တွင် ဆရာများသာမက ကျောင်းသူ၊ကျောင်းသားများပါ ပျော်ရွှင်နေကြသည်။ ဆရာအသစ်ကို သဘောကောင်းလား၊ဆိုးလားပါ မေးနေကြသေးသည်။ဆရာတို့လည်း မတွေ့ဖူးသေးကြောင်း တနင်္လာနေ့မှ တွေ့ရမည်ဖြစ်ကြောင်း ရှင်းပြမှ ကလေးတစ်သိုက် ကျေနပ်သွားကြလေသည်။

ပိတ်ရက်တို့ တဖန်ပြန်ရောက်လာလေသည်။ ထိုပိတ်ရက်နှစ်ရက်အတွင်း ကျွန်တော်ပိုပြီးစိတ်လက်‌ပေါ့ပါးနေခဲ့သည်။ အကြောင်းမှာ မမြင်ချင်သောသူက တစ်ပတ်လုံးလုံးပျောက်နေသောကြောင့်ပင်။

မေမေကတောင် သူ့သားကြီးပေါ်မလာလို့ ကျွန်တော့်ကိုတောင်မေးနေသေးသည်။ ကျွန်တော်မလာခိုင်းလို့ မလာတာဆိုပြီး ကျွန်တော့်ကိုတောင် အပြစ်ပြောနေသေးသည်။

ကျွန်တော်ကတော့ ပိတ်ရက်အတွင်း ဖေဖေ့ကိုကူညီလိုက်၊ ကျွန်တော်ကိုယ်တိုင်ချက်ပြုတ်သော အစားအသောက်များကို တစ်အိမ်သားလုံးကိုပတ်ကျွေးလိုက်ဖြင့် အလုပ်ရှုပ်နေခဲ့သည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now