Kaung's POV 8 (Finale)

687 14 0
                                    



ကော်ဖီဆိုင်လေးထဲမှ ထွက်လာချိန်တွင် ညနေစောင်းနေပြီ ဖြစ်သည်။ကျွန်တော်သည် လင်း၏အချစ်ကိုရရှိခဲ့သည့်အတွက် ပျော်မဆုံးဖြစ်နေတော့သည်။လင်း၏လက်ကိုလည်း လွတ်ထွက်သွားမည်စိုးသဖြင့် တင်းကျပ်စွာပင် ကျွန်တော် ဆုပ်ကိုင်ထားလိုက်သည်။

လင်း ဆိုင်ကယ်ပေါ် တက်ပြီးချိန်တွင် လင်းကို ကျွန်တော့်ခါးကို ဖက်ထားခိုင်းလိုက်သည်။ ကျွန်တော်တို့နှစ်ယောက်၏ ဆိုင်ကယ်လေးသည်လည်း ကော်ဖီဆိုင်လေးနှင့်ဝေးရာဆီသို့....။

"လင်းလေး....မြို့ထဲရောက်ရင် ဘာစားအုန်းမလဲ"

"ကောင်းရယ် ဆိုင်ကယ်မောင်းနေရင် စကားသိပ်မများနဲ့"

"ကိုယ့်လင်းက ကြောက်လို့လား..."

"...."

"ပြန်လည်း မဖြေဘူး...လင်းလေး အကင်စားမလား...ကိုယ် အကင်ဆိုင်မှာ ရပ်လိုက်မယ်လေ"

"အင်း...စားချင်တယ်...ပြီးတော့ ဝိုင်လည်း သောက်ချင်တယ်..."

"တကယ်လား...လင်း သာသောက်မယ်ဆို ကိုယ်ဝယ်တိုက်မှာနော်"

"အင်း...ဝယ်တိုက်"

မြို့ထဲရောက်တော့ လင်းကို ဆိုင်ကယ်နားတွင် ထားခဲ့ပြီး ကျွန်တော် စတိုးဆိုင် တစ်ဆိုင်ထဲဝင်ပြီး full moon လေးလုံးလောက်ဝယ်ခဲ့လိုက်သည်။ချစ်ရသူလေးကသောက်ချင်သည်ဆိုတော့လည်း ဝယ်တိုက်ရမည့်ဝာဝန်သည် ကျွန်တော့်တာဝန်ဖြစ်လာလေ၏။

"ကောင်း...ဘာလို့ ပုလင်းတွေအများကြီး ဝယ်လာတာလဲ"

"အာ...ဒါက သိပ်မပြင်းဘူးလေ...အဲ့တာကြောင့်...ဘေဘီ မကုန်ရင် ကိုယ်သောက်ပေးမှာပေါ့"

"မင်းနော် ဘာ‌တွေပြောနေတာလဲ..."

ကျွန်တော်ခေါ်ဝေါ်လိုက်တဲ့ ဘေဘီ ဆိုသည့်နာမ်စားကြောင့်  လင်းရှက်သွားပုံရသည်။လင်းဟာလေ ရှက်နေတာတောင် ချစ်ဖို့ကောင်းနေသေးသည်။

"လင်းလေးကလည်း ကိုယ်က ကိုယ့်ချစ်သူကို ချစ်စနိုးနဲ့ ဘေဘီ လို့ခေါ်တာလေကွာ..."

"ဘာဘေဘီလဲ...ရွယ်တူတွေပဲကို"

"ဒါပေမယ့် လင်းလေးက ကိုယ့်ထက် သုံးလငယ်တယ်လေ...အဲ့တာဆို ချစ်လို့ခေါ်ရမလား...သဲတုန်း ဆိုရင်ကော...ဟင် ဘယ်လိုလဲ"

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now