Part 9

835 60 8
                                    

ရက်သတ္တပတ် နှစ်ပတ်ခန့် ကလောတွင် လည်ပတ်ပြီးနောက် ကျွန်တော်တို့တစ်တွေ ဇာတိမြို့လေးသို့ ပြန်လာခဲ့ကြသည်။

ကျွန်တော်လည်း အိမ်တွင် ဖေဖေ့အလုပ်တွေကို ကူပေးလိုက်၊ မေမေ့ကို ကူပေးလိုက်နှင့် အားတဲ့အချိန်တွေဆို ဘေးအိမ်ဆီသွားပြီး ဂစ်တာပြန်တီးလိုက်နှင့် မအားမလပ်ဖြစ်နေတော့သည်။

ကောင်းကတော့ သူ့အဘွားတွေရှိတဲ့ မြို့ဆီသို့အလည်အပတ်သွားရောက်လေသည်။ လက်ကိုင်ဖုန်းများတွင်တွင်ကျယ်ကျယ် ကိုင်လာနိုင်ကြသော်လည်း ကျွန်တော့်အတွက် မလိုအပ်၍ မေမေတို့ကို မပူဆာမိချေ။

ကောင်း ကျွန်တော့်ကို ဆက်သွယ်စရာရှိရင်တော့ ကျွန်တော်တို့ နှစ်အိမ်ကျော်က စတိုးဆိုင်ကနေသာ ဆက်သွယ်လေသည်။ ကျွန်တော်ကတော့ စာပို့ရတာကို ပို၍ပင်သဘောကျလေသည်။

ကျွန်တော် အားလပ်ရက်အတွင်း ပုံအသစ်တွေဆွဲဖြစ်ကြောင်း၊ မုန့်အသစ်အဆန်းတွေ ဆန်းလုပ်ကြည့်ကြောင်း၊ ကောင်းပြန်လာခဲ့ရင် ဂစ်တာတီးပြမယ့်အကြောင်း ၊ ကောင်းကို သတိရနေကြောင်းတွေကို စာရေးပြီး အပတ်တိုင်း ကောင်းရှိနေသည့် မြို့ဆီသို့ စာထည့်လေ့ရှိသည်။

ကောင်းကလည်း ကျွန်တော့်နည်းတူ ပြန်စာများထည့်ပေးတတ်လေသည်။ သင်္ကြန်နေ့ရက်များထိတိုင်အောင် ကောင်းပြန်မလာသေး ။

ကောင်း ကျွန်တော့်ဘေးမှာ မရှိတာ ဒီတစ်ခါ အကြာဆုံးပင်ဖြစ်သည် ။ တစ်နေ့ထက်တစ်နေ့ ကောင်းကိုပိုပိုပြီး သတိရလာခဲ့သည်။

သူမရှိလည်း ဖြစ်ပါတယ် ဆိုပြီး ကြိုးစားနေထိုင်ခဲ့ပေမယ့် ကြိုးစားမှုတို့သည် အရာမထင်ခဲ့ ။ မေမေက ကောင်းအကြောင်းမေးလာလျှင် အကြောင်းပြချက်မရှိ ဝမ်းနည်းမိတတ်သည် ။

ဝတ္ထုတွေဖတ်တဲ့အခါ မင်းသားနဲ့မင်းသမီး မဆုံစည်းခဲ့ရင်လည်း ကောင်းအကြောင်းတွေးမိပြီး မျက်ရည်ကျမိသည်။

ကျွန်တော့်ကိုယ်ကျွန်တော် တစ်နေ့ထက်တစ်နေ့ နားမလည်နိုင်တော့ပေ ။ ကောင်းက ကျွန်တော့်သူငယ်ချင်း ၊ ကျွန်တော့်အတွက် ညီအစ်ကိုကောင်းတစ်ယောက် ။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now