Part 27

682 34 2
                                    


၂၀၂၄ခုနှစ် /ဧပြီလ

"ကိုယ်ရှင်းပြမယ်...ဟုတ်ပြီလား...မငိုနဲ့တော့ တိတ်တော့နော်..."

[Part 19 ကအဆက်ကလေးပါ]

ကောင်း ကပြောလာတော့ ကျွန်တော်လည်း မျက်ရည်စများကို အင်္ကျီလက်ခေါက်နဲ့ သုတ်လိုက်ပြီး ကောင်းပြောမည့် စကားကိုသာ အာရုံစိုက်လိုက်သည်။

"အဲ့နေ့က လင်းလေးတွေ့ လိုက်တဲ့ မိန်းကလေးက ကိုယ်နဲ့ ဘာပတ်သက်မှုမှ မရှိပါဘူး...ကိုယ့်အစ်မ ဝမ်းကွဲလေ..."

"ဟင်...မဖြစ်နိုင်တာ..."

ကောင်း ၏ရှင်းပြချက်သည် ယုံနိုင်ဖွယ် မကောင်းသဖြင့် ကျွန်တော် တီးတိုးရေရွတ်မိသည်။

"ဟိတ်...အချစ် ကိုယ်ရှင်းပြ‌မယ်လေ...သေချာနားထောင်ပါအုန်း"

ကျွန်တော်လည်း သူ့ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး သူဆက်ပြောလာမည့် စကားတို့ကိုသာ နားထောင်နေတော့သည်။

"သော်က ကိုသိတယ်မလား....စိုင်းသော်ကဟန်လေ"

ကျွန်တော် ခေါင်းညိတ်ပြတော့ ကောင်းက ဆက်ပြောလေတော့သည်။

"အဲ့နေ့က လင်းလေး တွေ့ခဲ့တာ သော်က အစ်မလေ ...ကိုယ့်အစ်မ ဝမ်းကွဲလေ...နာမည်က နန်းချယ်ရီဟန်တဲ့"

"ဟင်...အဲ့တာ အစ်မ ချယ်ရီလား..."

"အင်း...ဟုတ်တယ် လင်းလေးရဲ့..."

"ဆက်ပြောပါအုန်း...ဘာလို့ ဖက်လိုက်တာလဲ ဆိုတာ"

"အဲ့တုန်းက မမချယ်ရီ ပြန်ရောက်နေတဲ့ အချိန်လေ...မမက ကိုယ့်ကို တွေ့ချင်တယ်ဆိုလို့လေ...အဲ့နေ့က စံနွဲ့လေးကလည်း သူ့သူငယ်ချင်းအိမ်ကို သွားနေတော့ ကိုယ်ပဲ မမကို အပြင်မှာ မုန့်လိုက်ကျွေးဖို့ ချိန်းလိုက်တာ....

မမက အရင်တည်းက ပွင့်ပွင့်လင်းလင်းသမား ကိုယ်လည်း အစက မင်းလေးကို ဖုန်းဆက်အသိပေးမို့ပဲ...ကိုယ့်ဖုန်းက battery down သွားလို့လေ....ကိုယ်တို့တွေ စကားတွေ အကြာကြီးပြောဖြစ်ခဲ့ကြတာ...မင်းနဲ့ကိုယ့် အကြောင်းကိုလည်း မမကိုပြောပြ ဖြစ်ခဲ့ပြီး ပါးနဲ့မားကိုလည်း ဖွင့်ပြောဖို့ မမကို ကိုယ် အကြံတောင်းလိုက်သေးတယ်

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now