Kaung's POV 3 [Z]

39 1 0
                                    

ကျောင်းပြန်ဖွင့်တော့ ရှယ်လီ့ဆီမှ ကျွန်တော်လိုချင်သော အဖြေပြန်ရခဲ့သည်။စကားဖြင့်ဖွင့်ပြောတာ  မလုံ‌လောက်ဘူးထင်၍ ကျွန်တော် စာ‌ပါထပ်ရေးပြီး ရှယ်လီ့ထံ အရောက်ပို့‌ခဲ့ရသေးသည်။လင်းကိုတော့ ကျွန်တော် အသိမပေးရသေး။လင်း ဘယ်လိုတုံ့ပြန်မလဲဆိုတာ သိချင်ပေမယ့် ကျွန်တော်နဲ့ရှယ်လီ ချစ်သူဖြစ်နေကြောင်း လင်းကိုပြောလိုက်ရင် လင်းက ဝမ်းသာကြောင်းပြောမည်ကိုတော့ ကျွန်တော်မကြားချင်။ ဒါကြောင့်ပဲ ရှယ်လီက သူငယ်ချင်းတွေကို အသိပေးရအောင်ဟု ပြောစဉ်က ကျွန်တော် သူ့ကိုတားမိခဲ့သည်။

ရှယ်လီနဲ့ချစ်သူဖြစ်ပြီး တစ်ပတ်အကြာ ကျောင်းပြန်ဖွင့်ချိန်တွင် ရှယ်လီက ကျွန်တော့်စက်ဘီးနောက်မှ ထိုင်လိုက်ချင်ကြောင်းပြောလာလေသည်။ကျွန်တော့်စက်ဘီးနောက်ဘက် ထိုင်ခုံနေရာသည် လင်းတစ်ယောက်တည်းရဲ့ မူပိုင်နေရာပင်။သို့ပေမယ့် ချစ်သူဖြစ်တာ တစ်ပတ်ပင်မရှိသေးသည့်အချိန် ကျွန်တော်ငြင်းလိုက်ပါက တစ်ဖက်မိန်းကလေးအတွက် အားနာစရာပင်။ရှယ်လီ့အပေါ် ကျွန်တော့်အပြစ်တွေများတာကြောင့် ကျွန်တော်နဲ့သူ တွဲနေစဉ်ကာလ သူစိတ်ချမ်းသာအောင် ကျွန်တော်ကြိုးစားနေထိုင်ခဲ့သည်။လင်းကိုတောင် သိပ်ဂရုမစိုက်မိဘဲ လစ်လျူရှုသလို ဖြစ်ခဲ့ရသည်။

ဒီတစ်ပတ်‌တနင်္လာနေ့ ကျောင်းဖွင့်ရက်သည် လင်း အသင်းတာဝန်ကျသည့် နေ့ဖြစ်သဖြင့် ကျွန်တော့်စက်ဘီးပေါ် ရှယ်လီ့ကို တင်ခေါ်လာလိုက်သည်။ကျောင်းရှေ့တွင်စက်ဘီးရပ်လိုက်ပြီး ကျောင်းထဲရှိ စက်ဘီးထားရာနေရာတွင် စက်ဘီးရပ်နေချိန် ရှယ်လီသည် ကျွန်တော့် ထမင်းချိုင့်ကို ကိုင်ထားပြီး ကျွန်တော့်ကို ရပ်စောင့်ပေးနေသည်။ပြုံးပျော်ရွှင်နေသော ရှယ်လီ့ကို တွေ့တော့ ကျွန်တော် အားနာရပြန်ပြီ။ကျွန်တော်လည်း ရှယ်လီ့ကို ပြန်ပြုံးပြလိုက်ပြီး စာသင်ခန်းရှိရာဘက်ဆီသို့ ဦးတည်လိုက်လေသည်။

ကျွနမတော် အခန်းထဲရောက်တော့ လင်းကိုမတွေ့။ပြည့်ပြည့်ကို မေးလိုက်တော့မှ မုန့်ဆိုင်သွားတယ်ဟူ၍ သိလိုက်ရသည်။လင်း ကျွန်တော့်ကို မစောင့်ဘဲ မုန့်ဆိုင်သွားသည့်အတွက် ကျွန်တော်သိပ်တော့ မကျေနပ်ချင်။တခဏကြာချိန်တွင် လင်းအခန်းထဲ ဝင်လာတော့ လင်းဘယ်သွားမှန်း ကျွန်တော် သိသိရက်နဲ့ လင်းကိုမေးလိုက်သည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now