Part 22

683 38 2
                                    


ယနေ့သည် အာကာကျော်ကို စာကြည့်တိုက်တွင် ချိန်းထားသောနေ့ဖြစ်သည်။ မနက်ပိုင်းအတန်းချိန် တစ်ချိန်သာရှိသောကြောင့် အတန်းချိန်ပြီးပြီးချင်း စာကြည့်တိုက်ဘက်သို့ ကျွန်တော် ထွက်လာလိုက်သည်။ ကောင်းနဲ့လည်း မနေ့ နေ့လည်ကစပြီး စကားမပြောဖြစ်။ကျွန်တော် စာကြည့်တိုက်ကို ရောက်တော့ အာကာ‌ကျော် ပင် ရောက်နှင့်နေပြီ။

"စောင့်ရတာ ကြာသွားလား"

ကျွန်တော် တိုးတိတ်စွာမေးတော့ အာကာကျော်က ခေါင်းရမ်းပြလေသည်။

"လာအပြင်ဘက်က ကွပ်ပျစ်ဘက် သွားထိုင်ရအောင် "

ကျွန်တော် သူ့ကို ခေါ်ပြီး စာကြည့်တိုက် ဘေးနားတွင်ရှိသော ကွပ်ပျစ်တစ်ခု‌ဆီသွားကာ ကွပ်ပျစ်ပေါ်တွင်ထိုင်လိုက်တော့သည်။

"အာကာကျော်...ငါပြောစရာရှိတာ အချိန်မဆွဲတော့ဘဲ မြန်မြန်ပဲပြောမယ်နော်"

"အင်း"

"ငါ မင်းကို မချစ်ဘူး...ငါ့မှာ ငါချစ်ရတဲ့သူ အစတည်းက ရှိပြီးသား...အဲ့တော့...မင်း ငါ့ကို မေ့ပစ်လိုက်တာ အကောင်းဆုံးပဲ..."

"ဟူး....ဟုတ်ပါပြီ...လင်း...မင်းဘက်က ကိုယ့်ကို လက်မခံမှတော့ ကိုယ် မင်းကို ဆက်ပြီးစိတ်အနှောင့်အယှက် မပေးတော့ပါဘူး...."

"...."

"ဒါပေမယ့် လင်း မင်းသိထားဖို့က မင်းပင်ပန်းနေရင် ကိုယ်က မင်းကို အမြဲတမ်း ကြိုဆိုနေလျက်ပါပဲ....မင်းကို မေ့ပစ်ဖို့တော့ ကိုယ် ကတိမပေးနိုင်သေးဘူး...မင်းချစ်ရတဲ့ သူနဲ့ပျော်ရွှင်ပျါစလို့ ကိုယ်ဆုတောင်းပါတယ်...."

"အင်း"

"ကိုယ် သွားပြီနော် လင်း"

အာကာကျော် ထွက်သွားတော့ လေးပင်နေသော စိတ်တို့သည် ပေါ့ပါးလာရသည်။ သူ့ကို အားနာမိပေမယ့် ကျွန်တော်ကမှ သူ့ကိုမချစ်တာ။ ကျွန်တော်တစ်ယောက်တည်း ကွပ်ပျစ်ပေါ်တွင် ထိုင်နေမိသည်မှာ နေ့လည် ထမင်းစားနားချိန်ထိပင်။ နာရီကို တစ်ချက်ကြည့်လိုက်ပြီး အဆောင်ဘက်သို့ ကျွန်တော်ထွက်လာလိုက်သည်။

အဆောင်ရောက်တော့ အခန်းထဲပင် ချက်ခြင်းမသွားတော့ဘဲ ထမင်းစားဆောင်ဘက်သို့ တန်းထွက်လာလိုက်တော့သည်။ ထမင်းစားဆောင်ရောက်တော့ ကောင်းက ရောက်နှင့်နေပြီ။ သူ့ဘေးမှာတော့ ကျွန်တော့်အတွက် ခူးပေးထားသော ထမင်းတစ်ပန်းကန်။ ကျွန်တော်လည်း သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး ထမင်းစားဖို့ပြင်လိုက်တော့ သူ့ဆီက ခနဲ့သော စကားတို့ထွက်လာတော့သည်။

A Thorn In My Heart(နှလုံးသားထဲကဆူးတစ်ချောင်း)(Complete)Where stories live. Discover now